Ep_11

24.2K 2.8K 8
                                    

Unicode

လက်ဆွဲကာပြောလာတဲ့ဂျွန့်စကားကို တိမ်စိုင်တွေးကြည့်သည်။သူအခုပြန်မယ်ဆိုရင် ကားတစ်စီးမှရှိတော့မှာမဟုတ်တဲ့အပြင် မိုးထဲလေထဲမှာထီးမပါဘဲပြန်ရမည်။Taxiငှားသွားပြန်ရင်လည်း ဒီနေ့ရတဲ့ငွေလေးကအဲ့မှာတင်ဆုံးဆုံးမြုပ်သွားတော့မည်။ဒါကြောင့် တိမ်စိုင်ဂျွန့်ဘက်ကိုလှည့်လာပြီး စကားပြောဖို့အလုပ်။

"ဆရာယူလာခိုင်းတဲ့အတိုင်းယူလာတယ် ကျွန်တော်ဝင်လာလို့ရ..ရ"

‌ပေါင်မုန့်အလွတ်တစ်လုံးနှင့် ခပ်နွေး‌ေနွးနွားနို့တစ်ခွက်ကို ဗန်းတစ်ခုပေါ်တင်ပြီးကိုင်လာတဲ့ ကိုမင်းအိုင်။ယူလာတဲ့ဟာတွေမှောက်မှာစိုးလို့ ဗန်းကိုသာကြည့်ပြီးတက်လာခဲ့တာ အခန်းရှေ့ရောက်မှလက်ကိုင်ထားတဲ့ဂျွန်တို့ကိုမြင်ပြီး ကြောင်သွားသည်။

စကားပဲဆက်ပြောရမလား၊အထဲပဲဝင်လိုက်ရမလား စဉ်းစားရင်း နောက်ကိုသာပြန်လှည့်လိုက်မိသည်။အခန်းဘက်ကိုကျောပေးပြီး ဗန်းကိုင်ကာမျက်စိစုံမှိတ်ထားသည်။‌ရောက်မှရောက် အချိန်ကိုက်ကိုရောက်လာတဲ့ ကိုမင်းအိုင်။

"ကိုမင်းအိုင် ဝင်လာခဲ့"

ဂျွန် တိမ်စိုင့်လက်ကိုလွှတ်ပေးပြီး အိပ်ရာပေါ်ထိုင်ချကာ ကိုမင်းအိုင်ကိုဝင်ခိုင်းလိုက်သည်။တိမ်စိုင်ကတော့ ခြေတစ်လှမ်းနောက်ဆုတ်ကာအခန်းနံရံဘက်ကပ်သွားသည်။

ကိုမင်းအိုင် လက်တွေတဆတ်ဆတ်တုန်နေတာ နွားနို့ခွက်တောင်မှောက်တော့မလို ယိုင်တိုင်တိုင်ဖြစ်နေသည်။တံတွေးတွေဆက်တိုက်မြိုချရင်း သူကိုင်ထားတဲ့ဗန်းကို ခုတင်ဘေးကခုံမှာတင်လိုက်သည်။

"ဆရာကတိမ်စိုင်စားဖို့အတွက်ယူလာခိုင်းတာပါ ဒီနေ့မိုး‌ေတွအရမ်းသည်းနေတာ ပြန်လို့ဖြစ်ပါ့မလား ကျွန်တော်ကားနဲ့လိုက်ပို့..."

ကိုမင်းအိုင်ကို ဂျွန်မျက်မှောင်ကြုတ်ကာကြည့်နေတော့ ပြောမယ့်စကားကိုရှေ့မဆက်ဖြစ်ဘဲ လမ်းကြောင်းပြောင်းလိုက်ရသည်။

"လိုက်ပို့ပေးလို့ကလည်းမရဘူးလို့ပြောမလို့ပါ ဒီနေ့အိမ်မှာပဲအိပ်လိုက်လည်းရပါတယ် ဟုတ်တယ်မလားဆရာ"

တိမ်စိုင်ငယ်လိုWhere stories live. Discover now