Unicode
"ဦးလေး ဟိုဘက်တိုး"
ဂျွန်မောင်းသည့်ကားနောက်ခန်းထဲဖြူသွယ်၊အငယ်ေလးနှင့်ကိုမင်းအိုင်တို့သံုးေယာက်ပူးထိုင်ရေသာ်လည်း အလယ်မှာပေါင်ဖြဲပြီးထိုင်နေသည့်ကိုမင်းအိုင်ဘေးသို့ကပ်ကာ လက်ဖျားလေးကော့ပြသည်။
"နင့်ဘာသာနင်အဆင်ေပြေအာင်ေနေလ ငါကဘာလို့တိုးရမှာလဲ"
ပါးစပ်ကသာထိုသို့ပြောနေရပေမယ့် ဖင်တစ်ခြမ်းကအငယ်လေးနားကပ်သွားပြီသားဖြစ်သည်။ရုံးခန်းထဲကကိစ္စတွေးတွေးပြီး တစ်ယောက်နဲ့တစ်ယောက်ဘေးချင်းယှဉ်ထိုင်နေရသည်မှာ အဆင်တော့မပြေလှ။
"မသိရင်မတိုးတာကျနေတာပဲ ဒီပေါင်ကြီးစေ့ပြီးထိုင်ပါ"
ဖြူသွယ် ကိုမင်းအိုင်ကားထားသည့်ခြေထောက်နှစ်ချောင်းကိုဆွဲစိလိုက်ကာ ကိုမင်းအိုင်နှင့်အငယ်လေးနဂိုထက်နီးစပ်သွားအောင် တစ်ယောက်အသားတစ်ယောက်ထိသည်အထိ ဘေးကိုကပ်တိုးပေးလိုက်သည်။
"ဟဲ့ နင်ဘယ်လိုဖြစ်နေတာလဲ ဒီမှာအငယ်လေးအနေရခက်နေမယ်လေ"
"ခက်မှာမဟုတ်လောက်ပါဘူး ဟုတ်တယ်မလားကိုကြီးငယ်လေး"
"အင်း..အင်း"
အငယ်လေးအစွန်မှာဝက်ပေါင်ခြောက်မီးကင်သလို ပြားကပ်ကာနေနေရသော်လည်း ဖြူသွယ့်ကိုအားနာပါးနာနှင့်ဖြေသည်။သုံးယောက်တည်းရှိပြီးအနောက်ခန်းမှာ ပြာယာခတ်နေကြတာ ဂျွန်ကားခေါင်းခန်းကနေနောက်ကြည့်မှန်နှင့်မျက်စောင်းထိုးနေသည်ကို ဖြူသွယ်မြင်မှနေရာအချောင်ကြီးရှိနေသေးသည့်ဘက်သို့ပြန်ရွေ့ပေးလိုက်သည်။
ဝူဝူလေးနှင့်တိမ်စိုင်ရောက်ဖူးအောင်ကာရာအိုကေဆိုင်လိုက်ပို့ပေးရသည်မို့ ခါတိုင်းလိုကိုမင်းအိုင်ကိုမမောင်းခိုင်း။မိမိအမျိုးသမီးလေးကို ထိုကတုံးနှင့်တော့အရှေ့ခန်းမှာဘယ်နည်းနှင့်မှပေးမစီးခိုင်းနိုင်။
"သားလေး အပြင်ထွက်ရတာပျော်လား"
"ပျော်ယယ် ဒီနေ့ဝူဝူအကျင်နှစ်ခါတောင်ထွက်ရတယ်"
တိမ်စိုင့်ပေါင်ပေါ်တွင်ထိုင်နေသည့်ဝူဝူ ပေါက်ကာစသွားသေးသေးငယ်ငယ်လေးများဖြင့် တိမ်စိုင်မေးသည်ကိုလည်းဖြေသည်။ကားထဲတွင်ချိတ်ထားသည့် တွဲလောင်းတွဲလောင်းနှင့်စတော်ဘယ်ရီသီးကီးချိန်းလေးကိုလည်း လက်ကလှမ်းလှမ်းဖမ်းပြီးဆော့နေသည်။
YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20