Unicode
"အာ...အိပ်လို့ကောင်းလိုက်တာကွာ တိမ်စိုင်နိုးနေပြီလား"
"နိုးတာကြာပြီအကို ဝူဝူလေးတောင်အောက်မှာဖြူသွယ်နဲ့ဆော့နေပြီ"
ဂျွန်အိပ်ရာပေါ်ကနေထလာပြီး မီးပူတိုက်ထားတဲ့အဝတ်တွေကိုဗီဒိုထဲထည့်နေတဲ့ တိမ်စိုင့်နားကိုလာသည်။
"ဒီနေ့ခရီးမသွားချင်လိုက်တာကွာ"
ဂျွန် တိမ်စိုင့်ပခုံးကိုအေနာက်ကေနသိုင်းကာဖက်လာပြီး တိမ်စိုင့်ပခုံးကိုနဖူးနှင့်ထိထားသည်။
"အလုပ်ပဲလေအကိုရဲ့ မသွားချင်လို့ဘယ်ရပါ့မလဲ သွားရမှာပေါ့"
"မင်းနဲ့သားလေးရဲ့အဝေးမှာကိုယ်မနေချင်ဘူး"
တိမ်စိုင်ဗီဒိုထဲကတန်းမှာအကျီချိတ်ကိုချိတ်လိုက်ပြီး လည်ပင်းနားကဂျွန့်ရဲ့လက်ကို ကိုင်ထားလိုက်သည်။
"ခဏပဲလေအကိုဂျွန် အမြဲတမ်းဝေးရတာမှမဟုတ်တာ"
"ဟူး...."
ဂျွန်ဖက်ထားတဲ့လက်ဖြုတ်လိုက်ကာ သူဝတ်ထားတဲ့အပေါ်အကျီရဲ့အစကိုကိုင်လိုက်ပြီး။
"ကိုယ့်အကျီကအနံ့တစ်ခုခုရသလိုပဲ နမ်းကြည့်"
"ဘာနံ့ရလို့လဲ"
တိမ်စိုင်လှည့်လာပြီး ဂျွန့်အကျီစကိုမွှေးကြည့်တဲ့အချိန် ဂျွန်တိမ်စိုင့်နဖူးကိုရွှတ်ခနဲနှုတ်ခမ်းဖျားနဲ့ထိလိုက်သည်။အကြောင်းမဲ့သက်သက် ကြံစည်ပြီးလုပ်တယ်ဆိုတာ တိမ်စိုင်သိသွားတော့။
"အကိုဂျွန်နော် လုပ်ပြန်ပြီ"
"အသားယူတာမဟုတ်ဘူး ဒါက Morning kiss ကိုယ်အခန်းထဲသွားလိုက်အုံးမယ်နော်"
တိမ်စိုင့်ပါးကိုညှစ်ခဲ့ပြီးမှ တပြုံးပြုံးနဲ့အခန်းတံခါးပိတ်ကာထွက်သွားေတာ့ တိမ်စိုင်တဒိန်းဒိန်းမြည်နေတဲ့ဘယ်ဘက်ရင်အုံကိုဖိကာ လခြမ်းကွေးလေးပေါ်အောင်ပြုံးနေပြန်သည်။
________________________
"ဖေဖေဘာယုတ်မို့အဝတ်တေ ထည့်နေတာယဲ"
ဂျွန်အခန်းထဲကခုတင်ပေါ်မှာ ခရီးဆောင်အိတ်ကိုဖွင့်ထားပြီး ဗီဒိုထဲက အရောင်တစ်ရောင်ပဲရှိတဲ့အဝတ်တွေယူကာထည့်နေစဉ် ဝူဝူလေးအခန်းထဲဝင်လာသည်။
YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20