Unicode
ဘာလိုလိုနဲ့ အငယ်လေးကိုထမင်းဖိတ်ကျွေးမယ့်နေ့ ရောက်လာခဲ့ပြီ။လာဖို့ဖိတ်ခဲ့ပေမယ့် တကယ်လာမလာဆိုတာကတော့ ကာယကံရှင်ဖြစ်တဲ့အငယ်လေးပေါ်မှာအများကြီးမူတည်သည်။တိမ်စိုင် အန်တီခင်တို့၊ဒေါ်လေးတို့နဲ့အတူ ထမင်း၊ဟင်းတွေချက်ပြီး အငယ်လေးလာရင်စားဖို့အတွက် မနက်စောစောကတည်းကအသင့်ပြင်ထားသည်။
ထမင်းဝိုင်းကို အပိုအလိုမရှိအောင် စုံစုံလင်လင်ပြင်လို့ပြီးသွားတော့ လျှော်ပြီးသားအဝတ်တွေကို အိမ်နောက်ဖေးရဲ့အပြင်ဘက် အဝတ်လှမ်းတဲ့တန်းမှာ တစ်ထည်ချင်းခါပြီးလှမ်းနေစဉ် ဂျွန်ခိုးကြောင်ခိုးဝှက်နဲ့လာကာ တိမ်စိုင့်ကိုအနောက်ကနေဖက်လိုက်ပြီး လည်တိုင်ဖြူဖြူလေးကို နှုတ်ခမ်းသားနှင့်ခပ်ဖွဖွ ဖိကပ်လိုက်သည်။
"အချစ်ကအမြဲတမ်းမွှေးနေတာပဲနော်"
"အဝတ်လှမ်းနေတယ်လေကို နောက်မှဖက်"
"နောက်လည်းဖက်မယ် အခုလည်းဖက်မယ်"
ဂျွန် ဖက်ထားတော့ တိမ်စိုင်အဝတ်တွေခါလို့မရဖြစ်နေသည်။နေ့တိုင်းဒီလိုကပ်ပြီးချွဲနေရတာ ဂျွန်တစ်ယောက်ပျင်းတယ်ရယ်လို့မရှိပေ။တိမ်စိုင်ကလည်း ကိုယ့်အမျိုးသားကဒီလိုလာဖက်တာဆိုတော့ မကြိုက်ဘဲမနေ။
"မနက်စာစားပြီးပြီလား"
"အင်း ကိုယ်စားပြီးသွားပြီ"
ခါးပေါ်မှာရှိနေတဲ့ဂျွန့်ရဲ့လက်တစ်စုံကို တိမ်စိုင်အဝတ်တစ်ဖက်နဲ့ကိုင်လိုက်သည်။ငွေရောင်ဆင်တူလက်စွပ်လေးနှစ်ကွင်းက ဒီကောင်လေးနှစ်ယောက်ရဲ့လက်ချောင်းသွယ်သွယ်ထက်မှာ အထင်းအလင်းတည်ရှိနေသည်။ဒီလက်စွပ်နှစ်ကွင်းရဲ့အေပါ်မှာ ချစ်ခြင်းတရားရဲ့သက်သေေတွ၊မြတ်နိုးခြင်းရဲ့ ကဗ္ဗည်းမှတ်တိုင်ေတွ ရောင်ပြန်ဟပ်နေတာကိုတွေ့နိုင်သည်။
"ဒါဆို ဖက်ထားတာလေးခဏဖယ်ပေးအုံးလေ အဝတ်ကိုင်ထားရတာညောင်းနေပြီ"
"ပေး ကိုယ်လှမ်းပေးမယ်"
ဂျွန် တိမ်စိုင့်ကိုပခံုးကေနဆွဲလှည့်လိုက်ပြီး တိမ်စိုင့်လက်ထဲအဝတ်ကိုယူကာ ဗြန်းကနဲမြည်အောင်ခါချလိုက်သည်။
YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20