Unicode
ငါးလကြာပြီးနောက်..
"သားရေ ကိတ်မုန့်စားအုံးမလား"
"ချားတော့ဘူး"
နောက်ဖေးမှ တိမ်စိုင့်စကားသံကြားတော့ ဧည့်ခန်းထဲမှာ ဂျွန့်လည်ဂုတ်ပေါ်ခွစီးကာထိုင်နေသည့်ဝူဝူ လှမ်းဖြေလိုက်သည်။
"ဖေဖေ ကိတ်မုန့်ချားဘူးယား"
ဝူဝူ ဂျွန့်ရှေ့ဆံပင်တွေကိုလက်နဲ့စုကိုင်ပြီး သားရေပင်တစ်ပင်ယူကာ အထပ်ထပ်ပတ်နေသည်။ကိုမင်းအိုင် ကြက်တောင်စည်းစည်းထားတုန်းက ဂျွန်မျက်စိဆံပင်မွှေးစူးကာ ကြည့်မရဖြစ်ခဲ့ရသလောက် ခုတော့သားဖြစ်သူလက်အောက်တွင် ပြားပြားဝပ်နေရှာသည်။
"မစားတော့ဘူးသား"
ဂျွန် ဖုန်းကြည့်နေရင်း နှုတ်ခမ်းတစ်ချက်ကိုက်လိုက်သည်။
"ဘာယို့ယဲ"
ယနေ့မှာ ဝူဝူလေးမွေးနေ့ဖြစ်သည်မို့ အဲလက်စ်နှင့်မာရီတို့လာသွားကြသေးသည်။အဲလက်စ်တို့ရှေ့မှာ ဂျွန် တိမ်စိုင့်ကိုမုန့်ခွံ့ကျွေးခိုင်းသည်ကို ခွံ့မကျွေးတာကတစ်ကြောင်း၊တိမ်စိုင်ေဖျာ်တဲ့စတော်ဘယ်ရီဖျော်ရည်သောက်ချင်လို့ ဖျော်ခိုင်းတာကို အဖေဖျော်ပေးတာလာတိုက်သွားတာကတစ်ကြောင်းနဲ့ ဂျွန်စိတ်ဆိုးသည်လည်းမဟုတ်၊ စိတ်ကောက်နေသည်ဟုပြောရမည်။
"ကိုကိုက ဖေဖေ့ကိုမုန့်မှမကျွေးတာ ဖေဖေ သားကိုကို ကိုမခေါ်ေတာ့ဘူး"
အိမ်ထောင်ကျပြီးတဲ့တစ်လျှောက် ဝူဝူနဲ့ဂျွန်တို့နှစ်ေယာက် တိမ်စိုင့်ကိုမေမေလို့ခေါ်လိုက်၊ကိုကိုလို့ေခါ်လိုက်နဲ့ အမျိုးမျိုးပြောင်းခေါ်လေ့ရှိကြသည်။ခုတော့ စိတ်ဆိုးနေသည်မို့ ကိုကိုလို့ပဲသုံးလိုက်သည်။
"ဖေဖေ ဝူဝူ အောက်ဆင်းမယ်"
ဂျွန်ဖုန်းကိုေပါင်ေပါ်တင်လိုက်ကာ ဂုတ်ပေါ်မှာခွထိုင်ထားတဲ့ ဝူဝူ့ကိုဆိုဖာပေါ်ချပေးလိုက်တော့ မွေးနေ့ရှင်လေးလှုပ်တုပ်လှုပ်တုပ်နှင့်ပြေးဆင်းသွားသည်။လက်ထပ်ပွဲပြီးသွားတဲ့နောက်ပိုင်းမှာ နဂိုကတည်းကဖောင်းပြီးသားဝူဝူ့ပါးေလးနှစ်ဖက်က ဖြူဖွေးဖွေးမန်ထိုပေါက်စီလို လုံးကာတက်လာသည်။
YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20