𝐋𝐨𝐯𝐞𝐥𝐲 💜 { 𝐎𝐧𝐞 𝐒𝐡𝐨𝐭}

1.9K 215 5
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞

လူတိုင်းလူတိုင်းက ကိုယ့်အ​နေနဲ့ဒီကမ္ဘာကြီးထဲ ​စပြီးခြေချခွင့်ရကြတဲ့ ​နေ့မှာတမူထူးခြားတဲ့ ခံစားချက်နဲ့အတူ စိတ်လှုပ်ရှားမှု​တွေကိုလဲ ခံစားကြရမှာ အ​သေအချာပါဘဲ။ ကိုယ်​မွေးတဲ့​မွေး​နေ့မှာ အနည်းနဲ့အများ​တော့ စိတ်ကြည်နူးမှု​တွေရကြမှာဘဲ​လေ။

ဒီ​နေ့က Taehyung အတွက်တမူထူးခြားတဲ့​နေ့​လေးတစ်​နေ့။ သူဒီ​လောကထဲမှာ စပြီး​ခြေချခဲ့တဲ့ သူ့ရဲ့​မွေး​နေ့ဆို​တော့ စိတ်ထဲလှုပ်ရှား​နေမိသည်။ နှစ်တိုင်း၊နှစ်တိုင်း သူ့ကိုချစ်​ပေးတဲ့လူ​တွေရဲ့ မတူညီတဲ့အချစ်​တွေကို ခံယူပြီး​နေခဲ့ရတာမို့လို့ သူ့​မွေး​နေ့ကို ​ရောက်ရင်ပိုပြီး စိတ်ကြည်နူးရတယ်​လေ။

ခါတိုင်းအချိန်​တွေမှာ​တောင် သူ့ကိုသိုက်သိုက်ဝန်းဝန်းနဲ့ ချစ်​ပေးကြတဲ့သူ့ရဲ့ မိသားစု၊မိတ်​ဆွေ၊ အ​ပေါင်းအသင်း​တွေက ဒီလိုအချိန်ကို​ရောက်ရင် သူ့ကိုပိုပြီး ဂရုစိုက်​ပေးတတ်ကြတယ်။

ဖြတ်သန်းခဲ့ရတဲ့ ဘဝတစ်​လျှောက်မှာ ​လောကဓံရဲ့ အလှည့်အ​ပြောင်း​တွေ၊ အခက်အခဲ​တွေကို ရင်ဆိုင်ခဲ့ရ​ပေမယ့် သူ့​ဘေးမှာအမြဲရှိ​ပေးတဲ့ မြတ်နိုးရသူ​တွေ​ကြောင့် အခုထိသူ့ဘဝကို ကောင်း​ကောင်းမွန်မွန် တည်​ဆောက်နိုင်ခဲ့တာ​လေ။

မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီးသွား​တော့ မီးဖိုခန်းထဲကို ဝင်လာလိုက်မိတယ်။ စားပွဲ​ပေါ်မှာ အသင့်ပြင်ထားတဲ့ မနက်စာရယ်၊ ​စ​တော်ဘယ်ရီကိတ်​လေးရယ်၊ ခရမ်း​ရောင် စာအိတ်လှလှ​လေးရယ်​ကြောင့် Taehyung ကြည်နူးမိသည်။

Jungkook ကသူ့အတွက်​စော​စောထပြီး မနက်စာလုပ်​ပေးထားတာဘဲ။ ပြီး​တော့​မွေး​နေ့ကိတ်ကိုလဲ သူကြိုက်တဲ့စ​တော်ဘယ်ရီကိတ်​လေး။ ​မွေး​နေ့ကိတ်​ပေါ်မှာ သူ့အသက်ကို ​ဖော်ပြထားတဲ့ဖ​ယောင်းတိုင်​လေးနှစ်​ချောင်း။

​မွေး​နေ့ကိတ်မှာ မီးထွန်းတာက အန္တရာယ်များတယ်လို့ ​ပြောခဲ့တဲ့သူ့စကားကို Jungkook ကအခုထိမှတ်ထားတဲ့ပုံပင်။

သူဘဝမှာ အချိန်​တွေအများကြီး ဖြတ်သန်းခဲ့ပြီးပြီ။ Jungkook ကသူ့​ဘေးမှာ အမြဲရှိ​နေ​ပေးခဲ့တယ်။ ဆယ်​ကျော်သက်အရွယ်မှာ စပြီးသိခဲ့ကြတဲ့ သူတို့နှစ်​ယောက်က ​ပြောင်းလဲသွားတဲ့ အချိန်​တွေနဲ့အတူ လက်တွဲမဖြုတ်ဘဲ ​နေနိုင်ခဲ့ကြတယ်ဆိုတဲ့ အ​ကြောင်းကိုပြန်​တွေးတိုင်း သူ့ကိုပီတိမျက်ရည်ဝဲ​စေတယ်။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now