HE

1.3K 163 6
                                    

UNICODE

"ငါမလိုချင်ဘူးလို့ ​​ပြော​နေတယ်​လေ။"

​ပြောင်လက်​နေတဲ့သူ့ဖိနပ်ကို လက်ကိုင်ပဝါထုတ်ကာ သုတ်​ပေး​နေတဲ့​ဂျောင်ဂု။ ထယ်​ယောင်းသ​ဘောမကျစွာ ငြင်းဆန်မိသည်။

မင်္ဂလာပွဲအတွက်ပြင်ဆင်ထားတဲ့ ဖိနပ်ဖြစ်သည့်အတွက် သူ့ဖိနပ်ကအသစ်ပါ။ ဒါကိုမှထပ်ပြီး​တောက်ပ​စေဖို့ရည်ရွယ်တဲ့ ​ဂျောင်ဂုက သူ့ဖိနပ်ကိုတယုတယလာသုတ်​ပေး​နေသည်။

"ရပ်လိုက်ပါ​တော့ ​ဂျောင်ဂုရယ်။"

မကြာခင်မှာဘဲ အိမ်​ထောင်တစ်ခုကို တာဝန်ယူရ​တော့မယ့်ထယ်​ယောင်းအ​နေနဲ့ ဝမ်းနည်းတုန်လှုပ်​နေတဲ့ အပြုအမူက​ မ​လျော်ကန်တာ​တော့အမှန်။ သို့​ပေမယ့် ​ဂျောင်ဂုရဲ့ ​အောက်ကျို့တဲ့အမူအရာ​တွေက သူ့ကိုဆို့နင့်​စေသည်။

စိတ်လှုပ်ရှား​နေတာ​ကြောင့်ပါ သူ့ရဲ့ရင်တုန်မှု​တွေဟာ ဂိတ်ဆုံးကို​ရောက်​​နေရသည်။

"အစ်ကို့ကို အရင်တုန်းကလဲ ဖိနပ်တိုက်​နေ​ပေးကြကို။ ဘာလို့အခုမှ အားနာ​နေရတာလဲ။"

"အဲ့တုန်းက ငါတို့ကငယ်ကြ​သေးတယ်​လေ။"

"အထက်တန်း​ကျောင်းသားက တက္ကသိုလ်ကျောင်းသားကို ဖိနပ်တိုက်​ပေးခဲ့တာ​လေ။ အဲ့အသက်ကို ငယ်တယ်​ပြောချင်တာလား။"

"ငါမရည်ရွယ်ခဲ့ပါဘူ။ ငါတကယ်အားနာပါတယ်။"

လက်အိတ်ဖြူဖြူ​ကို ဝတ်ဆင်ထားတဲ့ ထယ်​ယောင်းလက်​တွေဟာ တုန်ချိချိနဲ့ရယ်။ သူ့​ခြေရင်းမှာခစားပြီး ဖိနပ်တိုက်​ပေး​နေတဲ့ ​ဂျောင်ဂုပုံစံဟာ ဘယ်အသက်အရွယ်ကို​ရောက်​ရောက် သိမ်ငယ်မှု​တွေရှိမ​နေဘူး။

သူ့ဖိနပ်ကိုတိုက်​ပေ​နေတဲ့အချိန်မှာကို ယုံကြည်ချက်​တွေ၊ရည်မှန်းချက်​တွေ ရှင်သန်​နေတဲ့​ဂျောင်ဂုမျက်ဝန်း​တွေကဘဲ သူ့ကိုတုန်လှုပ်​စေခဲ့တာ။ အခုမှမဟုတ်။ ဟိုးအရင်အချိန်​တွေတုန်းကတည်းက။

ဟုတ်တယ်။ ဟိုးအရင်အချိန်​တွေကတည်းက​ပေါ့

꧁ HE ꧂

ဒဏ်ရာဒဏ်ချက်​တွေ ပြင်းထန်​နေတဲ့​ဂျောင်ဂုမျက်နှာကို ကရုဏာသက်စွာကြည့်ရင်း ထယ်​ယောင်းဝမ်းနည်း​နေမိသည်။ ​နှုတ်ခမ်း​ထောင့်စွန်းနားက ​ပေါက်ပြဲ​နေတဲ့ဒဏ်ရာ​တွေနဲ့ ဘယ်ဘက်မျက်လုံးအစွန်းက ​သွေး​ခြေဥ​နေတဲ့အရာတွေက အဆိုးဆုံးဘဲ။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now