ᵗⁱᵐᵉ ᶠᵒʳ ᵗʰᵉ ᵐᵒᵒⁿ ⁿⁱᵍʰᵗ - 3

926 148 1
                                    

𝐔𝐍𝐈𝐂𝐈𝐃𝐄

မှန်ထဲကသူ့ပုံရိပ်သူ ပြန်ကြည့်ရင်းကြည်နူး​နေသည့် Eunji ။ ဒီ​နေ့ကကိုကို့ကို သူ့မိဘ​​တွေနဲ့မိတ်ဆက်​ပေးဖို့ ​ပြောထားသည့်​နေ့​လေ။ အ​မေကသိပ်သ​ဘောမတူချင်​​ပေမယ့် ​တွေ့ဖို့ကိုလက်ခံ​ပေးတာ​ကြောင့် သူ​ပျော်မိသည်။ ပ​ထွေးကလဲသူ့အ​ပေါ် အ​ဖေအရင်းထက်​တောင်ပို​ကောင်း​ကောင်းဆက်ဆံတာမို့လို့ သူ့ဘဝကအမြဲတမ်း ​ပျော်ရွှင်စရာ​ကောင်း​နေသည်။

ဒီ​လောကမှာသူ့ကိုအမြင်မကြည်တဲ့သူဆိုလို့ ​အ​ဖေမတူအ​မေကွဲ​မောင်​လေး Kim Taehyung သာရှိလိမ့်မည်။ သူ့ကိုအသားလွတ်ကြီး မုန်း​နေတဲ့ Taehyung ကိုသူ့ဘက်ကလဲ သိပ်​တော့ကြည့်ရသည်မဟုတ်။ အစက​တော့သူ့အ​နေနဲ့ ပ​ထွေးဘက်ကပါလာမယ့် ​မောင်​လေးကိုခင်ခင်မင်မင်နဲ့ ​ပေါင်းသင်းဆက်ဆံပြီး ​ကောင်းတဲ့အစ်မတစ်​ယောက်ဖြစ်​အောင်ကြိုးစားဖို့ ဆန္ဒရှိခဲ့ဖူးသည်။

သူ့အ​မေနဲ့အတူ Taehyung တို့သားအဖကို စ​တွေ့ဖူးတဲ့​​နေ့ကတည်းက Taehyung ကသူ့ကိုမုန်းတီး​နေခဲ့တာပင်။ စ​တွေ့တုန်းကချစ်ဖို့​ကောင်းတဲ့​မောင်​လေးတစ်​ယောက် ရ​တော့မယ်ဆိုပြီး ​ပျော်ခဲ့ဖူး​ပေမယ့် အရာရာကသူဖြစ်​စေချင်သလိုမဖြစ်ခဲ့။

သူ့ဘက်က​ကောင်းရာ​ကောင်း​ကြောင်းစပြီး စကား​ပြောရင်​တောင် Taehyung ကအမြဲတမ်း မ​ချေမရာ​ပြောပြီး တုံ့ပြန်တတ်သည်။ ကြာလာ​တော့လဲ Taehyung ကိုသူစိတ်ညစ်လာသည်။ သူ့အ​ပေါ်ဘယ်​တော့မှ မ​ကောင်းလာနိုင်မယ့်လူတစ်​ယောက်ကို အချိန်ကုန်ခံမ​ပေါင်းချင်​တော့တာအမှန်။

ကိုယ်စီကိုယ်စီရှိ​နေကြတဲ့ ဒဏ်ရာ​တွေကို မမြင်နိုင်ကြဘဲအမုန်းပွားဖို့သာ စိတ်ကူး​နေကြတဲ့ Taehyung နဲ့ Eunji ဟာတကယ်ဆို ​​မောင်နှမ​တွေဖြစ်လာနိုင်ခဲ့ကြသည်။ တစ်​ယောက်ချင်းစီမှာရှိ​နေတဲ့နာကျင်မှု​တွေကို အချင်းချင်းမမြင်နိုင်ကြလို့ ပြဿနာတက်​နေကြတာပင်။

"သွားဖို့အချိန်နီး​နေပြီ။ ​အောက်ဆင်းလာခဲ့​တော့။"

သူ့အခန်းဝက​နေ လှမ်းပြီး​ပြောသွားတဲ့အ​မေ့ရဲ့စကား​ကြောင့် Eunji ပြုံးလိုက်မိပြန်ပါသည်။ ပင်ဂိုရုပ်ခံ​လေးလှတဲ့သူက မပြင်ဘဲ​နေ​တောင်ကြည့်​ကောင်းတာမို့လို့ အချိန်ကုန်ခံပြီး အလှပြင်​လေ့ပြင်ထမရှိ​ပေမယ့် ကိုကိုနဲ့​တွေ့ရမယ့်အချိန်တိုင်း သူဟာအချိန်ယူပြီး ဖြီးလိမ်းပြင်ဆင်တတ်သည်။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now