𝐓𝐡𝐢𝐬 𝐋𝐨𝐯𝐞 .........3

1.2K 182 9
                                    

🅤︎🅝︎🅘︎🅒︎🅞︎🅓︎🅔︎

ဖြစ်ပျက်​ခဲ့တဲ့ အ​ကြောင်းအရာ​တွေကို ​Jungkook သေချာ နားမလည်နိုင်။ သူချစ်​နေတဲ့ ​​ကောင်​လေးက သူ့ကိုချစ်တယ်လို့ ဝန်ခံ​နေတာက ​​ပျော်ဖို့​ကောင်းတဲ့ ကိစ္စတစ်ခုပါ။ အဲ့​ကောင်​လေးမှာသာ ချစ်သူမရှိခဲ့ရင်​ပေါ့။

ချစ်သူရှိရက်သားနဲ့ အခုလိုစကားမျိုး သူ့ကိုလာ​ပြော​နေတာက သူ့ကိုအ​တွေး​ပေါင်းစုံဖြစ်လာ​စေသည်။ ချစ်သူကြီးငုတ်တုတ်ရှိ​နေရက်သားနဲ့ အခုလိုလာ​ပြောတာက တစ်ခုခုလွဲ​ချော်​နေမှန်း Jungkook ​ကောင်း​ကောင်းနားလည်သလို Taehyung ကဘာလို့ဒီလို လုပ်​နေတာလဲဆိုတာကိုလဲ မှန်းဆ​နေမိသည်။

Taehyung ကသူ့ကိုစပြီး ဖွင့်​ပြောခဲ့တဲ့ အချိန်တုန်းက ​ပြောခဲ့တာ​တွေကို အခုထိနားထဲကမထွက်။

"ကျွန်​တော့်ကို စိတ်မဆိုးပါနဲ့​နော်။ ကျွန်​တော့်ကိုအမြဲတမ်း ဂရုတစိုက်ရှိ​နေ​ပေးတဲ့ သူ​ဌေးကိုကျွန်​တော် အားကိုးချင်မိလို့ အခုလို​အရဲစွန့်ပြီး ပြောမိတာပါ။ "တဲ့။

အားကိုးချင်တာတဲ့လား။ တကယ်လို့ Taehyung မှာသာ ချစ်သူမရှိခဲ့ဘူးဆိုရင် ဒီစကားက အလိမ်အညာကြီးမှန်း သိ​ရက်နဲ့တင် သူ​ပျော်​ပျော်ကြီး အလိမ်ခံခဲ့မှာ။ အခု​တော့ အ​ခြေအ​နေ​တွေက အနည်းငယ်ကွဲပြား​နေခဲ့ပြီ​လေ။

အဲ့ညမှာ Taehyung ကိုသူတွန်းထုတ်ခဲ့ကာ သူ့နားကထွက်သွားဖို့ သူလုပ်ခဲ့​ပေမယ့် သူ့အိမ်က​နေထွက်သွားဖို့ စကားကို​တော့ မ​ပြောခဲ့။ Taehyung ကိုသူမပိုင်ဆိုင်ရမှန်း သိ​နေ​ပေမယ့် သူ့မျက်စိ​အောက်က​နေ​တော့ အ​ပျောက်မခံနိုင်တာ​ကြောင့်ပင်။

Taehyung ကလဲအ​ကြောမာသည်လို့ ​ပြောလို့ရသည်။ သူ့ကိုအဲ့​​​နေ့က ချစ်တယ် လို့​ပြောခဲ့​ပေမယ့် ​နောက်​နေ့​တွေ့မှာကျ​​တော့ သူတို့နှစ်​ယောက်ကြားထဲ ဘာကိစ္စမှမရှိခဲ့သလို ​အေး​အေး​ဆေး​ဆေးပင်။

Taehyung အတွက်အကူအညီလိုလာပြီဆိုရင် မဖြစ်ဖြစ်တဲ့ နည်းလမ်းနဲ့သူကူညီချင်​ပေမယ့် အခုလိုနည်းလမ်းမျိုးနဲ့​တော့ သူမကူညီချင်။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now