ᶜʳʸ ᶠᵒʳ ᵐᵉ * 1

1.9K 198 20
                                    

Unicode

ဆိုင်ထဲမှာဖွင့်ထားတဲ့ သီချင်းသံ​အေး​အေး​လေးကို နား​ထောင်ရင်း Jungkook အလာကို Taehyung ​စောင့်​နေလိုက်တယ်။ သူနဲ့ Jungkook ကမကြာခင်လက်ထပ်ကြ​တော့မယ့် ချစ်သူ​တွေ​လေ။

Jungkook ကလူကုံထံ အသိုင်းအဝိုင်းထဲက ကြီးပြင်းလာတာမဟုတ်​ပေမယ့် ရုပ်ရည်နဲ့အရည်အချင်း​ကြောင့် လူတိုင်းကသည်းသည်းလှုပ် လိုချင်ကြတဲ့ ​​ယောက်ျား​​လေးတစ်​ယောက်။ အဲ့လိုအသည်းအသန် လိုချင်ကြတဲ့အထဲ Taehyung လဲအပါအဝင်ပင်။

လူကြိုက်များသလို ချမ်းသာချင်တဲ့ Jungkook ကသူ့ကိုလာပြီး ပတ်သတ်သမျှလူ​တိုင်းကို ပြန်ပြီးတွဲရင်း သူ့အတွက်တစ်နည်းမဟုတ် တစ်နည်းနဲ့အကျိုးရှိ​အောင်လုပ်သည်။ ​ပြောရရင်​တော့ သူနဲ့တွဲတဲ့လူ​တွေဆီက အကျိုးအမြတ်ရ​အောင် အမြဲလုပ်တတ်တဲ့ Jungkook က စိတ်ဓါတ်​ကောင်းလွန်းတဲ့အထဲ​တော့မပါ​ပေ။

ဒါ​ပေမယ့်ဥစ္စာ​ရော၊​ငွေ​ကြေး​ရော ပြည့်စုံတဲ့သူ့လိုလူက Jungkook ကသူ့ကိုတခြားသူ​တွေကို ​ပေါင်းတဲ့နည်းထက် ပိုတဲ့နည်းလမ်းနဲ့ သူ့ကိုဆက်ဆံခဲ့သည်။ သူ့ရဲ့အလှရယ်၊ဖြုန်းလို့မကုန်တဲ့ သူ့စိမ်းစည်​တွေရယ်က Jungkook အတွက်သည်း​ခြေကြိုက်ဖြစ်ခဲ့သည်။

သူများလက်​အောက်မှာ အလုပ်လုပ်​နေရတဲ့ ဘဝမျိုးထက် ကိုယ်ကိုယ်တိုင်ဦး​ဆောင်ပြီး လုပ်ကိုင်ရတဲ့ လုပ်ငန်းရှင်တစ်​ယောက် ဖြစ်ချင်သည့် Jungkook အတွက်သူက အ​ကောင်းဆုံး​သော ​လှေကားတစ်ခုဖြစ်ခဲ့သည်။ သူကလဲအဲ့ဒါကို သိတယ်။ ဒါ​ပေမယ့် Jungkook က သူ့အပိုင်ဖြစ်လာဖို့ကိုပဲ ဆန္ဒရှိခဲ့တာမို့လို့ Jungkook ရဲ့အသုံးချခံဘဝကို သူ​ပျော်​ပျော်ကြီး လက်ခံခဲ့သည်။

Jungkook လိုအပ်သမျှကို ဘယ်သူမှ သူ့​လောက်​ပြည့်စုံ​အောင် မဖြည့်ဆည်း​​ပေးနိုင်သလို သူ့ရဲ့လူတိုင်း​ငေးပြီး အားကျရတဲ့ မျက်နှာပိုင်ရှင်လဲဖြစ်​နေတာမို့လို့ Jungkook ကသူ့ကို လုံးဝလက်လွှတ်မခံခဲ့။

" တခြားသူ​တွေကို အ​ပျော်တွဲခဲ့တာ​ပေမယ့် အစ်ကိုနဲ့ကျမှ အချစ်ဆိုတာကို ခံစားဖူးတာ " ဆိုတဲ့စကားလှလှ​​လေးနဲ့ သူ့ကိုအပိုင်ချုပ်ထားသည်။ သူကလဲအဲ့လို စကား​တွေထဲမှာ ​​ကျေ​ကျေနပ်နပ်နဲ့ကို ယစ်မူး​ပျော်​မွေ့ခဲ့သည်။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now