𝗬𝗼𝘂 𝗱𝗼𝗻'𝘁 𝗸𝗻𝗼𝘄 𝗺𝗲 • 𝗙𝗶𝗻𝗮𝗹

1.9K 215 5
                                    

𝐔𝐍𝐈𝐂𝐎𝐃𝐄

အလျင်လို​နေသည့်အ​ခြေအ​နေတစ်ခု​ကြောင့် အမြန်ထွက်လာရပါ​သော်လဲ အိမ်မှာကျန်ခဲ့မယ့်​ကောင်​​လေးကိုမြင်​ယောင်မိ​တော့ လူကရင်ထဲမ​ကောင်း။

ခါတိုင်းဆိုအဲ့​ကေင်​လေးနာကျင်ရ​အောင် တမင်ကိုနှိပ်စက်ခဲ့ဖူးသည်။ အဲ့တုန်းက​တောင်အနည်းငယ်သနားမိတာကလွဲလို့အခုလို ရင်ထဲထင့်​နေတာမျိုးမဖြစ်ခဲ့။ ဒီတစ်​ခေါက်ကျ​တော့ ထို​​ကောင်​လေးအ​ကြောင်ကိုသာ ​တောက်​လျှောက်စဥ်းစား​နေမိ​တော့သည်။

အခု​နောက်ပိုင်းသိလာရတာတစ်ခုက ထို​ကောင်​လေးကသူနဲ့ပတ်သတ်ရင် ခံစားလွယ်လွန်းတယ်ဆိုတာကိုပင်။

သူနဲ့ပထမဆုံး​သော ​တွေ့ဆုံမှုကမ​ကောင်းခဲ့သလို ဘဝကိုခပ်​ပေါ့​ပေါ့ပဲ​တွေးပုံ​ပေါ်ကာ လိမ်တတ်၊ညာတတ်မယ်လို့ သူ​တွေးထင်ထားသည့် က​​လေးငယ်သည်သူထင်ထားတာထက် အများကြီးဖြူစင်တယ်ဆိုတာကိုလဲ သူ​လေ့လာခဲ့မိသည်။

အစက​တော့ Taehyung ကိုမာယာ​တွေများတဲ့​ကောင်​လေးတစ်​ယောက်လို့ဘဲ ​တွေးထားတာမို့လို့ သူအနိုင်ကျင့်သမျှအရာရာကိုသည်းခံကာ နာကျင်လွန်းတဲ့​ဝေဒနာ​တွေကို ခံစား​နေရရင်​တောင်ကြိတ်မှိတ်သည်းခံ​တတ်သည့် Taehyung ကိုသူမသနားမိခဲ့။

အကုန်အလိမ်အညာ​တွေသာဖြစ်မယ်လို့ သူ့စိတ်က​တွေး​နေမိသည်ကိုး။

အခု​နောက်ပိုင်းမှာ​တော့ Taehyung ရဲ့ဖြူစင်မှု​တွေကို သူ​လေ့လာနိုင်ခဲ့ပါတယ်။ ​လောဘကြီးတာမဟုတ်​ပေမယ့် Taehyung ရဲ့ဘဝ​လေးက လက်ရှိပိုင်ထားတဲ့ဘဝထက်အနည်းငယ်​ကောင်းမွန်တဲ့ဘဝ​လေးမှာ ဖြတ်သန်းခဲ့တာဆိုရင် သူတို့နှစ်​ယောက်ကြားထဲ ဘယ်လိုအဖုအထစ်မှရှိခဲ့မည်မဟုတ်​ပေ။

Taehyung ဟာသူနှိပ်စက်သမျှကို သည်းခံခဲ့ရုံသာမက သူ့အတွက်​သွေးသားဆိုသည့်အရာကို လူ့​လောကထဲသွင်း​ပေးမယ်ဆိုတဲ့အချက်ဟာ သူ့ကိုစိတ်​ပျော့သွား​အောင်လုပ်တဲ့ အကွက်​တွေလို့သူအကြိမ်ကြိမ် ​တွေးခဲ့ဖူးပါသည်။ ဒါ​ပေမယ့်လဲ အခုကျ​တော့အဲ့လိုမဟုတ်​တော့​ပေ။

Taehyung ဟာသူ့အ​ပေါ်ဆို အဖြူစင်ဆုံးသ​ဘောထားနဲ့ အမြဲတမ်း​တွေးတတ်တာကို သူ​ကောင်း​ကောင်းသိလာခဲ့ပြီ​လေ။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Dove le storie prendono vita. Scoprilo ora