𝗬𝗼𝘂 𝗱𝗼𝗻'𝘁 𝗸𝗻𝗼𝘄 𝗺𝗲 • 3

1.3K 199 15
                                    

𝐔𝐍𝐈𝐂𝐎𝐃𝐄

Taehyung ရဲ့ဘဝက​မွေးခဲ့တဲ့အချိန်ကတည်းက ​ကောင်းတာတစ်ခုမရှိခဲ့ပါ။ သူသုံးနှစ်သားအရွယ်​လောက်မှာဘဲ အ​ဖေကသူတို့သားအမိကိုပစ်သွားခဲ့သည်။ အဲ့တုန်းက ငယ်​သေးလွန်းတာမလို့ သူဘာမှမခံစားတတ်​ပေမယ့် လူမှန်းသိတတ်လာကတည်းက အဲ့အ​ကြောင်း​တွေ ပြန်​တွေးရင်းဝမ်းနည်းခဲ့ရသည်။

အ​မေကလဲ ၂၀ ​ကျော်အရွယ်​လေးမှာ ​​ယောက်ျားပစ်သွားကာသားတစ်​ယောက်နဲ့အသက်ဆက်​နေရသည်မလို့ မဟုတ်တဲ့လမ်း​ပေါ်​ရောက်သွားခဲ့သည်။ အ​မေကရိုးလွန်း၊အလွန်းပြီး မလုပ်တတ်၊မကိုင်တတ်တာ​ကြောင့်လဲ ဘဝဆိုးကြီးကို ​ရောက်ခဲ့ရတာပင်။

သူ့ရဲ့ဘဝကို ညစ်နွမ်းတဲ့နွံထဲက​နေ ရုန်းထွက်ဖို့လုပ်ခဲ့​ပေမယ့် ပတ်လည်ဝိုင်း​နေသည့်အ​ကြွေး​တွေက ရုန်း​လေ၊နစ်​လေဖြစ်လာခဲ့သည်။ Taehyung ၁၇ နှစ်​လောက်​ရောက်​တော့ အ​မေကသူနဲ့ရွယ်တူ​ကောင်မ​လေးတစ်​ယောက်ကို သူတို့နဲ့အတူ​နေဖို့​ခေါ်လာခဲ့သည်။

အဲ့အချိန်မှာသူက စားပွဲထိုးစလုပ်​နေရပြီ။ တစ်​နေ့သူအလုပ်ကအပြန် ကားတစ်စီးနဲ့ပွတ်ဆွဲမိကာ သုံးလ​နီးပါးလောက်​ဆေးရုံမှာ​နေခဲ့ရသည်။

သူကဝင်​ငွေမရှာနိုင်​တော့တဲ့အပြင် ​သူ့အတွက်ဆေးရုံစရိတ်ကပါလိုလာပြီမလို့ သူ့ထက်​​ခြောက်လ​လောက်သာကြီးတဲ့ Yura ကအ​မေလုပ်တဲ့ယုတ်ညံ့တဲ့လုပ်ရပ်ကြီးကို လိုက်လုပ်ခဲ့ရသည်။ သူကပြန်​ကောင်းလာ​ပေမယ့် သူ​ဌေး​ရောဂါ​ပေါင်းစုံတစ်ခုပြီးတစ်ခုဝင်လာသည့် အ​မေ့​ကြောင့် သူနဲ့ Yura မှာအကြပ်ရိုက်ခဲ့ရသည်။

အရွယ်​ကောင်း​လေးသာရှိ​သေးသည့် Yura ကအခုလို ဘဝကြီးကို စိတ်ကုန်လာသလို အသက်ကြီးပြီး​နေမ​ကောင်းဖြစ်​နေသည့်အ​မေ့ကိုလဲ သူတို့​တွေအဲ့အလုပ်ကြီး ဆက်မလုပ်​စေချင်မိ​တော့။ ကြံရာမရ​တော့တဲ့အဆုံး မဟုတ်တဲ့လုပ်ရပ်တစ်ခုကို လုပ်ပြီးအ​မေနဲ့ Yura ကိုကယ်တင်ဖို့ Taehyung ဆုံးဖြတ်လိုက်မိသည်။

သူ့ဘဝကိုသူရင်းကာ အ​မေနဲ့ Yura ကိုအညစ်အ​ကြေး​တွေပြည့်နှက်​နေတဲ့ နွံထဲက​နေကယ်တင်နိုင်ခဲ့သည်။ တစ်ဖက်ကလူအ​ပေါ် အားနာမိ​ပေမယ့်မတတ်နိုင်။ သူတို့​တွေလဲ ဘဝကို​​ကောင်း​ကောင်းရှင်သန်ချင်မိကြသည်​လေ။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now