Unicode
"အဲ့ဒါဆို kookie က အစ်ကို့ထက် ၅နှစ်နီးပါးတောင်ငယ်တာဘဲ။ ထင်မထားဘူး။"
Jungkook တစ်ယောက်မစားရက်မသောက်ရက်သိမ်းထားတဲ့ပေါင်မုန့်ကို Kim Taehyung ဆိုသောလူသားလေးကျမှ ထုတ်ကျွေးမိသည်။ ပေါင်မုန့်ကိုပလုတ်ပလောင်းစားရင်းနဲ့ ပြောလာတဲ့ Taehyung ပုံကအသည်းယားစရာ။
Jungkook ကတော့သူ့အသက်အရွယ်က မချစ်သင့်သေးတဲ့အရွယ်ပေမယ့် အချိန်ခဏလေးအတွင်းမှာပင် Taehyung ဆိုသောလူသားကိုရူးရူးမူးမူးချစ်နေမိပြီ။
"ဘာလဲ။ ကျွန်တော်ကရင့်နေလို့လား။"
"ဟာ မဟုတ်ပါဘူး။ ဆယ်ကျော်သက်အရွယ်ကရင့်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။အစ်ကိုပြောချင်တာက Kookie ကလူကောင်ကြီးနေလို့အစ်ကို့ထက် ၅ နှစ်ငယ်တာကိုမယုံဘူးလို့ပြောတာပါ။ "
မျက်လုံးလေးပြူးကာ ပျာပျာသလဲရှင်းပြနေတဲ့ Taehyung ရဲ့ပုံလေးက Jungkook ရဲ့မျက်လုံးထဲမှာ အရမ်းကိုချစ်ဖို့ကောင်းနေခဲ့သည်။ အသက် ၂၀ သာဆိုတယ်။ သူ့ကြည့်ရတာ ကလေးလေးလိုဘဲ။
"ဒါနဲ့ Kookie ကဒီကျောင်းမှာနေတာ ဘယ်လောက်ရှိပြီလဲ။ "
"ကျွန်တော်ကမွေးကင်းစအရွယ်တည်းက စွန့်ပစ်ခံခဲ့ရတာ။အဲ့ဒါကြောင့် ဒီမှာနေလာတာ ၁၅ နှစ်ကျော်ပြီ။ကျွန်တော်က ဒီကျောင်းမှာအကြီးဆုံးဘဲ။ "
"အဲ့ဒါကြောင့် kookie ကစကားပြောတာ ရင့်ကျက်နေတာ။ အစ်ကိုကတော့အရွယ်ရောက်ပြီးတာတောင် အခုထိကလေးဆန်နေတုန်း။ ဟီး"
Taehyung ရဲ့စကားကြောင့် Jungkook ပြုံးလိုက်မိသည်။ ထယ်က တကယ်ကိုရိုးသားတာဘဲ။ ပြီးတော့မာနမကြီးတတ်ဘူး။ သူတို့မိဘမဲ့ကျောင်းကိုလာတဲ့ အလှူရှင်တွေထဲမှာ သူတို့လိုလူမျိးကို ထယ့် လို အရေးတယူဆက်ဆံပေးတဲ့သူမျိုးတစ်ခါမှမတွေ့ဖူးပါ။
"အစ်ကိုက ကလေးဆန်တာထက် စိတ်ထားကောင်းတာပါ။ ကျွန်တော့်ဘဝမှာ အစ်ကို့လိုမျိုးကျွန်တော်တို့ကျောင်းကိုလာတဲ့ အလှူရှင်တစ်ယောက်နဲ့ ရင်းရင်းနှီးနှီး တစ်ခါမှမနေဖူးဘူး။ လူတွေကကျွန်တော်တို့လို မိဘမဲ့တွေဆိုလူတွေနှိမ်ချင်ကြတယ်လေ။ "
YOU ARE READING
𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲
Fanfiction𝚃𝚊𝚎𝚔𝚘𝚘𝚔 [ 𝚂𝚑𝚘𝚛𝚝 𝚂𝚝𝚘𝚛𝚒𝚎𝚜 𝙲𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗] 𝙸𝚝 𝚒𝚜 𝚠𝚛𝚒𝚝𝚝𝚎𝚗 𝚏𝚘𝚛 𝚝𝚑𝚎 𝚙𝚛𝚎𝚌𝚒𝚘𝚞𝚜 𝚕𝚘𝚟𝚎 𝚋𝚎𝚝𝚠𝚎𝚎𝚗 𝚝𝚠𝚘 𝚕𝚘𝚟𝚎𝚛𝚜 𝚠𝚑𝚘 𝚊𝚛𝚎 𝚒𝚗 𝚕𝚘𝚟𝚎 𝚠𝚒𝚝𝚑 𝚝𝚛𝚞𝚎 𝚕𝚘𝚟𝚎. 𝙹𝚎𝚘𝚗 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 💜...