Unicode
"ရောက်လာပြီလား အစ်ကိုလေး။"
ဆေးရုံအခန်းပေါက်ဝကနေ သူ့ကိုဆီးပြီးနှုတ်ဆက်တဲ့
အဘိုးရဲ့ အတွင်းရေးမှူး။သူ Japan ကိုရောက်ပြီး ၃ လလောက်ပဲရှိသေးတဲ့အချိန်မှာတင် အဘိုးရဲ့ရောဂါပြန်ဖောက်တယ်ဆိုပြီး အကြောင်းကြားလာတာကြောင့် Korea ကိုပြန်လာခဲ့ရသည်။
"အဘိုးရော"
"ခုနလေးကတင် သတိရလာတယ်။ အစ်ကိုလေးကိုပြောစရာရှိလို့ဆိုပြီး စောင့်နေပါတယ်။ "
အတွင်းရေးမှူးရဲ့စကားကြောင့် Taehyung လဲအခန်းထဲကိုပြေးဝင်လိုက်မိတယ်။
"အဘိုး"
"ငါ့မြေးလေး ရောက်လာပြီလား။ ဒီကိုလာပါဦး။"
အခန်းထဲရောက်တော့ အဘိုးကြည့်ရတာ အခြေအနေတည်ငြိမ်တဲ့ပုံပေါက်တာကြောင့် စိတ်တော့ နည်းနည်းသက်သာသွားသည်။ အဘိုးနားကိုအမြန်ပြေးသွားပြီး ဖက်ထားလိုက်မိသည်။ ဘယ်အရွယ်ကိုပဲရောက်ရောက်၊ အဘိုးနဲ့တွေ့ရင်သူက ကလေးတစ်ယောက်လိုပင်။
"ဘယ်လိုဖြစ်ပြီး နေမကောင်းဖြစ်ရတာလဲ။ အဘိုးရောဂါပြန်ဖောက်ဆိုတာ သိတုန်းကဘယ်လောက်တောင်စိတ်ပူခဲ့ရလဲ။ ကျွန်တော့်ကို Japan ကိုထပ်မလွှတ်နဲ့တော့။
အဘိုးနားမှာဘဲနေတော့မှာ။ "
"ဟုတ်ပါပြီ။ အဘိုးနားမှာဘဲနေရမှာပါ။ ဒါပေမယ့် မြေးလေးကိုပြောစရာရှိသေးတယ်။"
"ဘာလဲဟင်။"
"ဟိုတလောကမှပြန်တွေ့ဖြစ်တဲ့ အဘိုးရဲ့မိတ်ဆွေဟောင်းတစ်ယောက်ရဲ့သားနဲ့ မြေးလေးကိုအိမ်ထောင်ချပေးမလို့။မြေးလေးရဲ့သဘောက အရေးကြီးပါတယ်။ မြေးလေးသာလက်မထပ်ချင်ဘူးလို့ ပြောရင်မစီစဥ်ဘူး။ ဒါပေမယ့်အဘိုးကတော့ လက်ထပ်စေချင်တယ်။ အဲ့ကောင်လေးက လူကောင်းတစ်ယောက်ပါ။ "
"ကောင်းပါပြီ။ အဘိုးသဘောအတိုင်းသာ လုပ်ပါ။ကျွန်တော်လက်ခံနိုင်ပါတယ်။ "
တွေဝေခြင်းမရှိဖြေလိုက်တဲ့ Taehyung။ အရင်တုန်းကဆိုရင်တော့ Jeon ကိုချစ်တဲ့စိတ်ကြောင့် အဘိုးစီစဥ်တာကို ငြင်းဖို့လုပ်မှာပေမယ့် အခုအချိန်မှာတော့ အရာရာကပြောင်းလဲသွားခဲ့ပြီ။
ВЫ ЧИТАЕТЕ
𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲
Фанфикшн𝚃𝚊𝚎𝚔𝚘𝚘𝚔 [ 𝚂𝚑𝚘𝚛𝚝 𝚂𝚝𝚘𝚛𝚒𝚎𝚜 𝙲𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗] 𝙸𝚝 𝚒𝚜 𝚠𝚛𝚒𝚝𝚝𝚎𝚗 𝚏𝚘𝚛 𝚝𝚑𝚎 𝚙𝚛𝚎𝚌𝚒𝚘𝚞𝚜 𝚕𝚘𝚟𝚎 𝚋𝚎𝚝𝚠𝚎𝚎𝚗 𝚝𝚠𝚘 𝚕𝚘𝚟𝚎𝚛𝚜 𝚠𝚑𝚘 𝚊𝚛𝚎 𝚒𝚗 𝚕𝚘𝚟𝚎 𝚠𝚒𝚝𝚑 𝚝𝚛𝚞𝚎 𝚕𝚘𝚟𝚎. 𝙹𝚎𝚘𝚗 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 💜...
