ᑌᑎᑕᒪᗴ Tᗩᗴ Tᗩᗴ - 1

1.6K 188 30
                                    

Unicode

Tae Tae တဲ့။ ​မွေးကင်းစအရွယ်တုန်းကတည်းက Taehyung ကိုချစ်လို့ဆိုပြီး ​​ခေါ်ခဲ့ကြတဲ့နာမည်။ အရွယ်​ရောက်လို့ဘွဲ့ရ၊ အလုပ်လုပ်​စလုပ်ပြီဆိုတဲ့အချိန်ထိ အဲ့နာမည်ကိုအ​ခေါ်မပျက်ကြ။ မိန်းက​လေးမို့လို့ ချစ်စရာ​ကောင်းပြီးက​လေးဆန်တဲ့နာမည်ကို​ခေါ်တာက အ​ရေးမဟုတ်​ပေမယ့် သူက​ယောက်ျား​လေးတစ်​ယောက်ဖြစ်သည်မို့လို့ သူ့ကို Tae Tae လို့​ခေါ်တာကို Taehyung မကြိုက်ပါ။

မကြိုက်ဘူးဆိုပြီး မ​ခေါ်နဲ့လို့အသည်းအသန်​ပြောရ​​အောင်ကလဲ သူငယ်ငယ်​လေးကတည်းက တယုတယ​စောင့်​ရှောက်ခဲ့တဲ့ကြီးကြီးနဲ့ ​အစ်မဝမ်းကွဲလင်မယားတို့က ​ခေါ်တာမို့လို့ Taehyung မှာမကြိုက်စကား​ပြောမထွက်ခဲ့။

သူ့မိဘ​တွေက သူ​ငါးနှစ်သားအရွယ်​လေးမှာ ရန်ဖြစ်ပြီးကွာရှင်းခဲ့ကြတယ်။ အ​မေကသူ့ကို အ​မေ့ထက်အသက် ၁၀ နှစ်​ကျော်ကြီးတဲ့သူ့အစ်မဆီမှာ အပ်ပြီး​ငွေရှာဖို့ဆိုတဲ့အ​ကြောင်းပြချက်နဲ့ ကြီးကြီးတား​နေတဲ့ကြားကနိုင်ငံခြားကိုထွက်သွားခဲ့တာ သူဒီအသက်အရွယ်​ရောက်တဲ့အထိလို့​ ​ပြောလို့ရသည်။ ဘာသတင်းစကားမှ မကြားရသလို အသက်ရှင်လျက်ရှိသလား​တောင် မသိရတဲ့ဘဝပင်။

အဲ့လိုနဲ့ပဲ Taehyung ကြီးပြင်းလာခဲ့ရသည်။ အ​မေနဲ့အ​ဖေက​တော့ ဘယ်မှာရှိ​နေမှန်း​တောင်မသိရတဲ့အဖြစ်။ သူ့အ​နေနဲ့မိဘ​တွေကို စိတ်နာချင်​ရင်​တောင် သူတို့​တွေအဆင်​ပြေရဲ့လားဆိုကာ ပူပန်ရတဲ့စိတ်​ကြောင့် ​ကောင်း​ကောင်းစိတ်မနာနိုင်။

Taehyung ကြီးကြီးဆီ​ရောက်​တော့ ကြီးကြီးကသူ့​ယောက်ျားကိုဆုံးရှုံးထားကာစ ကာလပင်။ ကြီးကြီးကငယ်ငယ်နဲ့အိမ်​ထောင်​ကျတာမို့လို့ သူ့မှာ Taehyung ထက် ၁၅ နှစ်​လောက်ကြီးတဲ့သမီးတစ်​ယောက်ရှိသည်။ ​ပြောရရင် Taehyung နဲ့သူ့အစ်မ​ဝမ်းကွဲက တူအရီး​တွေအသက်ကွာခြားသလိုမျိုးကို အသက်ကွာသည်။ Taehyung ကံ​ကောင်းတာတစ်ခုက ကြီးကြီးနဲ့မမက  သူ့ကိုချစ်ပြီး ဂရုတစိုက်​စောင့်​ရှောက်​ပေးတာပင်။

နာရီကိုကြည့်မိ​တော့ ​နေ့လည် ၁၂ နာရီ။ ​​နေ့လည်စာစားချိန်​ရောက်ပြီမို့လို့ အ​တွေးတို့ကိုလက်စသတ်ကာအလုပ်လုပ်ရာစားပွဲ​လေးက​နေထကာ ထမင်းစား​ဆောင်ကို Taehyung ထွက်လာလိုက်သည်။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now