Kim Taehyung's 3️⃣

786 118 14
                                    

Unicode

"အင်း။ ​လော​​လောဆယ်​တော့ငါမပြန်ဖြစ်​လောက်​သေးဘူး။ အဲ့မှာကျန်ခဲ့တဲ့အလုပ်ကိစ္စ​တွေကို မင်းပဲကြည့်စီစဥ်ထားလိုက်။"

သဘာဝတရား​တွေပြည့်နှက်​နေတဲ့ ပတ်ဝန်းကျင်နဲ့ထပ်တူ သူ့စိတ်​တွေကြည်လင်လို့​နေသည်။ ဖုန်းထဲက​နေကြား​နေရသည့်အသံ​​ကြောင့် သူပိုပြီး​ကျေနပ်​နေမိသည်။ သူ့ဘက်ကစရုံရှိ​သေး။ စိတ်​ပျော့​စေ​နိုင်​​လောက်တဲ့ အနိုင်ရမှု​တွေ​တောင် ပိုင်ဆိုင်​နေပြီဘဲ။

တစ်ဖက်လူကိုမှာစရာရှိတာအကုန်မှာပြီးသည့်​​နောက် ထယ်​ယောင်းဖုန်းချလိုက်သည်။ ဝိုင်​လေးတစ်ခွက်​သောက်ရင်း ​ရှုခင်း​တွေကို​ငေး​မောကြည့်ရတာကလဲ ရသတစ်မျိုးပါလား။

ခုနကအတွင်း​ရေးမှူးရှင်းနဲ့ သူဖုန်း​ပြော​နေခြင်းပင်။ အတွင်း​ရေးမှူးရှင်းဆိုသည်မှာ အဘိုးရဲ့အတွင်း​ရေးမှူး​ကောင်းတစ်​ယောက်ဖြစ်ပြီး အဘိုးမရှိ​တော့သည့်အချိန်မှာလဲ ထယ်​ယောင်းအ​နေဖြင့် အားကိုးရသည့်ရှင်းကို ထိုရာထူးဖြင့်သာ ဆက်လက်ခန့်ထားမိသည်။

​ဂျောင်ဂုသူ့ဆီကို ​​ရောက်လာတာက ကံကြမ္မာရဲ့အစီအစဥ်မဟုတ်ပါ။ ထယ်​ယောင်းအ​နေနဲ့က​တော့ ​ဂျောင်ဂုကိုသူ့အနားမှာအမြဲရှိ​နေ​စေချင်ပြီး ​ဂျောင်ဂုအတွက်ကလဲ အလုပ်လိုအပ်​နေတဲ့အချိန်ဆို​တော့ သူ့လုပ်ငန်းကအံဝင်ခွင်ကျ ဖြစ်ခဲ့​ချေသည်။

​ဂျောင်ဂုက အရည်အချင်းနဲ့ကြိုးစားချင်စိတ်ရှိတာမှန်​ပေမယ့် ​နောက်ခံမ​ကောင်း​တော့ ထိုက်တန်တဲ့အလုပ်ကိုရှာမ​တွေ့​နေချိန် သူပြင်ဆင်ထားတဲ့​ထောင်​ချောက်ထဲ လှလှပပကိုဝင်​ရောက်လို့လာခဲ့​ချေသည်။ ​ဂျောင်ဂုအတွင်း​ရေးမှူးဖြစ်သွားပြီဆိုကတည်းက ထယ်​ယောင်းမှာရှင်းကို ရာထူးတိုး​ပေးပြီး အရင်လိုတိုင်ပင်​ဖော်တိုင်ပင်ဖက်အဖြစ် ဆက်လက်ရှင်သန်​စေသည်။

ရာထူးအဆင့်​တွေ ​ပြောင်းလဲသွား​ပေမယ့် ထယ်​ယောင်းမှာ အမြဲလိုလို​တော့ အတွင်း​​ရေးမှူးရှင်းအဖြစ်သာ ​ပြောဆို​နေမိသည်။ ရှင်းလို သူရသင့်တဲ့အခွင့်အ​ရေးအပြည့်အဝရပြီးရင် တခြားမလိုတဲ့သူတစ်​ယောက်အတွက် ဒါဟာအ​ရေးကိစ္စ​တော့ မဟုတ်ပါ​ချေ။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now