𝐔𝐍𝐈𝐂𝐎𝐃𝐄
သူနေဖို့အတွက် နေရာထိုင်ခင်းကိုပြင်ကာ
တအားစိတ်ကျေနပ်နေသည့် ဂျောင်ဂုကိုကြည့်ပြီး
ထယ်ယောင်းရင်ထဲ တနုံ့နုံ့ရယ်။ဘာဆိုဘာအကြောင်းပြချက်မှ တကူးတကမပြဘဲ
အခန့်သားဝင်နေနေသည်က ထယ်ယောင်းကို
ဒေါသထွက်စေသည်။ နာမည်အပျက်ခံပြီး
ဂျွန်ဂျောင်ဂုကိုနှင်ထုတ်ချင်ပေမယ့်
ပြဿနာကထိုတစ်ခုနဲ့တင် ပြီးမှာမဟုတ်တာကြောင့်
ထယ်ယောင်း အကြပ်ရိုက်ရသည်။"ကိုယ်တို့စကားပြောကြရအောင်။
နှစ်ယောက်လုံးအတွက် အဆင်ပြေအောင်
ညှိနှိုင်းကြတာပေါ့။"သူထိုင်နေတဲ့ဆိုဖာခုံရဲ့ဘေးဘက်လွတ်နေတဲ့
တစ်နေရာကိုပုတ်ပြရင်း ဂျောင်ဂုက
စကားဆိုလာသည်။ တအားကိုအေးအေးဆေးဆေး
ဖြစ်နေတဲ့ဂျောင်ဂုရဲ့ပုံကြီးက
တော်တော့်ကိုအမြင်ကတ်ဖို့ကောင်းလှသည်။
ဂျောင်ဂုစကားကိုနားမထောင်ဘဲ
ထိုနေရာကနေ လှည့်ထွက်ဖို့သာ
ထယ်ယောင်းစဥ်းစားလိုက်မိသည်။ဒီတော့ဂျွန်ဂျောင်ဂုက
သူ့ကိုအနောက်ကလှမ်းဆွဲရင်းခြေလှမ်းတွေကို
ရပ်တန့်စေကာ"ဘာလို့ ကိုယ့်ကိုဒီလောက်တူးတူးခါးခါး
ဖြစ်နေရတာလဲ။ ကိုယ်ဘာအမှားလုပ်မိလို့လဲ။"အပြစ်ကင်းတဲ့ယုန်သူငယ်လို မျက်ဝန်းဝိုင်းလေးတွေနဲ့
ဂျွန်ဂျောင်ဂုကဆိုလာသည်။
ထယ်ယောင်းဟာမကြည်သာဆုံး
မျက်နှာထားတစ်ခုကိုလုပ်ယူရင်း"ခင်ဗျားနဲ့ကျွန်တော်ဘာမှ ဆွေးနွေးစရာမရှိဘူး။
အိမ်ငှားဖြစ်တာကလဲ ခင်ဗျားကကျွန်တော့်ကို
လာတွေ့တာ။ ကျွန်တော်ကခင်ဗျားကို
တွေ့တာမဟုတ်ဘူး။ အဲ့ဒါကလွဲပြီး
တခြားအကြောင်းပြောစရာမရှိဘူး။
ခင်ဗျားသိထားရမှာက ခင်ဗျားလို
ကလိမ်ကကျစ်တစ်ယောက်ကို သေလောက်အောင်
မုန်းတယ်ဆိုတာဘဲ။ မစားရတဲ့အမဲသက်နဲ့ပက်တဲ့
ခင်ဗျားလိုလူဆီ တစ်သက်လုံး
ပြန်မလာဘူးဆိုတာဘဲ။""ကလေးရယ် "
"သနားဖို့ကောင်းအောင်ပြောမနေပါနဲ့။
ခင်ဗျားဆီက မျက်စိကျခံခဲ့ရတာနဲ့တင်
ကျွန်တော့်ဘဝက အဆုံးသတ်သွားခဲ့တာ။
ထပ်ပြီးတော့ ကျွန်တော့်ဘဝကို
သေအောင်မသတ်ပါနဲ့။ တောင်းဆိုတာပါ။"

YOU ARE READING
𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲
Fanfiction𝚃𝚊𝚎𝚔𝚘𝚘𝚔 [ 𝚂𝚑𝚘𝚛𝚝 𝚂𝚝𝚘𝚛𝚒𝚎𝚜 𝙲𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗] 𝙸𝚝 𝚒𝚜 𝚠𝚛𝚒𝚝𝚝𝚎𝚗 𝚏𝚘𝚛 𝚝𝚑𝚎 𝚙𝚛𝚎𝚌𝚒𝚘𝚞𝚜 𝚕𝚘𝚟𝚎 𝚋𝚎𝚝𝚠𝚎𝚎𝚗 𝚝𝚠𝚘 𝚕𝚘𝚟𝚎𝚛𝚜 𝚠𝚑𝚘 𝚊𝚛𝚎 𝚒𝚗 𝚕𝚘𝚟𝚎 𝚠𝚒𝚝𝚑 𝚝𝚛𝚞𝚎 𝚕𝚘𝚟𝚎. 𝙹𝚎𝚘𝚗 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 💜...