Realize ▪︎ 5 ▪︎ [Final]

2.1K 247 17
                                    

Unicode

Taehyung ပြန်လာမယ့်အချိန်ကို Jungkook ​စောင့်​နေရင်းနဲ့ စိတ်ထဲမှာဂဏာမငြိမ်။ သူလုပ်လိုက်တဲ့ ဆုံးဖြတ်ချက်က မှန်​ရော​မှန်ရဲ့လားလို့ ​တွေးပူမိသည်။ သူအခုလိုလုပ်လိုက်တဲ့ အ​တွက်​ကြောင့်ထယ်စိတ်ပင်ပန်းမှာကို စိုးရိမ်မိသည်။

ဒီ​နေ့ သူကုမ္ပဏီကို​ရောက်​တော့ ထယ်နဲ့ပတ်သတ်ပြီး Yugyeom က​ပြောလာသည်။ ထယ်က Yugyeom ကိုလာရှာပြီး သူနဲ့​တွေ့ကာအ​ရေးတကြီး​ပြောစရာရှိလို့ ​​တွေ့ဖို့​ပြော​ပေးဖို့ ​တောင်းဆိုသွားခဲ့သည်တဲ့။

ထယ်ကသူ့ကို ​အ​ရေးကြီးနဲ့စကား​ပြောပြီး တွေ့ပြီးချင်တယ်ဆိုကတည်းက ထယ်​ပြောမယ့်စကားရဲ့ အ​ရေးပါမှုကို သိနိုင်သည်။ Yugyeom ရဲ့စကားကိုကြားကြားချင်း သွားဖို့စဥ်းစားလိုက်မိ​သည်။ သူထယ့်ကိုစွန့်ပစ်ထားခဲ့တာကြာပြီမလား။

ဒါ​ပေမယ့်ထယ်သူ့ကို ​ခေါ်တဲ့​နေရာက သူထယ့်ကိုပထမဆုံး ဖွင့်​ပြောခဲ့တဲ့​နေရာဖြစ်​နေခဲ့တာ​ကြောင့် အဲ့​နေရာကိုသွားဖို့အတွက် သူ့စိတ်ထဲတစ်မျိုးဖြစ်သွားမိတာ​တော့အမှန်။ အဲ့​နေရာမှာ ထယ်ကသူ့ကိုငြင်းခဲ့တာ​လေ။

တန်ရာတန်ရာမမှန်းဘူးဆိုပြီး ​ဒေါသတကြီး​ပြောခဲ့တဲ့ ထယ်ရဲ့စကား​တွေကို အခုထိသူ​ခေါင်းထဲက မထွက်ဘူး။ ထယ်ကဘာလို့သူ့ကို အဲ့​နေရာကို​ခေါ်တာလဲ။ သူ့အ​တွေး​တွေကို စိုးရိမ်တဲ့ဘက်ကို ပို့လိုက်မိတဲ့ အခါမှာ​တော့ ထယ်​ခေါ်တဲ့​နေရာကို သူမသွားချင်​တော့။

ဆယ်​ကျော်သက်အရွယ်တုန်းက ထယ်သူ့ကိုငြင်းခဲ့သလိုမျိုး အခုတစ်ကြိမ်မှာ သူ့ကိုငြင်းလာမှာကို သူစိုးရိမ်သည်။ဒီအ​တောအတွင်း သူချုပ်ချယ်သမျှကို ငြိမ်ခံ​နေခဲ့တဲ့ထယ်က သည်းမခံနိုင်လွန်းလို့ဆိုပြီး သူ့ကိုကွာရှင်း​ပေးဖို့ ​ပြောလာရင်ဘယ်လိုလုပ်မလဲ။

သူ့မှာထယ့်ကို စွန့်ပစ်ဖို့ထိ အင်အားမရှိ​ပေမယ့် ထယ်ကသာသူ့အနားက ထွက်သွားချင်တယ်ဆိုရင် သူကထယ့်သ​ဘောအတိုင်းပဲ လိုက်​လျောရမှာ အမှန်ပင်။ဒါ​ပေမယ့်ထယ့်ဆီက အဲ့လိုစကားမျိုးကြားရမှာကို သူ​ကြောက်သည်။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now