Unicode
မနက်မိုးလင်းလင်းချိန်အချိန်အိပ်ယာကနိုးလာလာခြင်းမှာ Jungkook အနေနဲ့ ပထမဆုံးကြည့်မိသည့်အရာကဘေးနားကနေရာလွတ်တစ်ခုမှာ Taehyung များရှိနေသလားဆိုတာပင်။
ဒါပေမယ့် သူအများကြီးမျှော်လင့်ရာ ကျခဲ့ပြန်သည်ထုံးစံအတိုင်း Taehyung ကသူ့ဘေးမှာရှိမနေခဲ့။ အိပ်နေရာကနေ ထလိုက်ပြီးသက်ပြင်းချလိုက်သည်။ သူ့ဘဝက ဘယ်အချိန်ထိအခုလိုဖြစ်နေမှာလဲ။
ခါတိုင်းဆိုအိပ်ယာကနိုးတာနဲ့ ချစ်ရသူရဲ့မျက်နှာလှလှလေးကို တွေ့ခဲ့ရပေမယ့် အခုကျသူတသ်ယောက်တည်း ခြောက်ကပ်ကပ်ကြီးနိုးထလာရသည်။
Taehyung ကဘယ်တော့များမှ သူ့ကိုအရင်လို
ပြန်ပြီးဆက်ဆံပေးမှာပါလိမ့်။မနက်စာစားဖို့ဆင်းလာတော့ အကုန်ပြင်ဆင်ကာ
သူ့ကိုစောင့်နေသည့် Taehyung ။
ပြုံးနေတဲ့မျက်နှာလေးကို မြင်လိုက်ရတာနဲ့တင်
စိတ်ကျေနပ်မိပေမယ့် အလုံးစုံးမပျော်နိုင်။Taehyung ရဲ့ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ချို့က
သူ့ကိုစိတ်ညစ်အောင် လုပ်နေသည်လေ။"ညကျ Jungkook ဘာဟင်းနဲ့စားချင်လဲ။"
မနက်စာစားနေတုန်း မေးလာခဲ့တဲ့ Taehyung ။ထမင်းစားဖို့ကိုကအစ ဂရုတစိုက်လေးပြောတတ်တဲ့Taehyung ကဘာလို့အခုထိ အခန်းခွဲနေတာကို ရပ်ဖို့ပြောတိုင်းလက်မခံသေးတာလဲဆိုတာ Jungkook ဘယ်လိုမှစဥ်းစားလို့မရ။
"ကိုယ်က ထယ်ချက်သမျှဟင်းဆို အကုန်ကြိုက်ပြီးသား။
ဒါနဲ့လေ ထယ် ကိုယ်တို့နှစ်ယောက်တစ်ခန်းတည်းအတူ ပြန်နေကြရအောင်။ ရန်ဖြစ်ထားတာလဲမဟုတ်ဘဲ တစ်ခန်းစီခွဲနေတာက မဟုတ်သေးဘူးလေ။"မေးလိုက်တိုင်းအငြင်းခံခဲ့ရတယ်ဆိုပေမယ့် Jungkook တစ်ယောက်အမှတ်မရှိ မေးမိပြန်သည်။ Taehyung ကတော့ထုံးစံအတိုင်း အသေအချာစဥ်းစားတဲ့ပုံမပြဘဲ
"ထယ် အဲ့ကိစ္စကိုပြောပြီးပြီလေ။ ထယ့်မှတ်ဉာဏ်တွေ ပြန်ရတဲ့အချိန်ကျမှ အတူပြန်နေကြမယ်လို့။ Jungkook ကထယ့်ယောက်ျားဆိုပေမယ့် ထယ်ကအတိတ်မေ့နေတော့ ဘယ်သူကဘယ်သူမှန်း အခုထိကိုသေချာသိသေးတာမှမဟုတ်တာ။ အဲ့တော့မှတ်ဉာဏ်ထဲမှာ ရှိမနေတဲ့ယောက်ျားတစ်ယောက်နဲ့ တစ်ခန်းတည်းအတူနေရမှာကို ထယ်စိတ်မသန့်ဘူး။"
YOU ARE READING
𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲
Fanfiction𝚃𝚊𝚎𝚔𝚘𝚘𝚔 [ 𝚂𝚑𝚘𝚛𝚝 𝚂𝚝𝚘𝚛𝚒𝚎𝚜 𝙲𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗] 𝙸𝚝 𝚒𝚜 𝚠𝚛𝚒𝚝𝚝𝚎𝚗 𝚏𝚘𝚛 𝚝𝚑𝚎 𝚙𝚛𝚎𝚌𝚒𝚘𝚞𝚜 𝚕𝚘𝚟𝚎 𝚋𝚎𝚝𝚠𝚎𝚎𝚗 𝚝𝚠𝚘 𝚕𝚘𝚟𝚎𝚛𝚜 𝚠𝚑𝚘 𝚊𝚛𝚎 𝚒𝚗 𝚕𝚘𝚟𝚎 𝚠𝚒𝚝𝚑 𝚝𝚛𝚞𝚎 𝚕𝚘𝚟𝚎. 𝙹𝚎𝚘𝚗 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 💜...