𝐔𝐍𝐈𝐂𝐎𝐃𝐄
မနက်အစောပိုင်းမှာ ကြားခဲ့ရသည့်အကြောင်းအရာတွေကြောင့် ဒီနေ့တစ်မနက်လုံး Taehyung ခမျာမှိုင်မှိုင်တွေတွေဖြစ်နေရပြန်သည်။ အစ်ကိုနဲ့ပတ်သတ်လာရင် သူကခံစားလွယ်လွန်းပါသည်။ အစ်ကိုကသာသူ့ကို ပေါ့ပျတ်ပျတ်ကောင်လေးတစ်ယောက်ဆိုပြီး သတ်မှတ်ထားတာ၊ အစ်ကိုနဲ့ပတ်သတ်ရင် လေးလေးနက်နက်တွေးလွန်းတာကတော့ သူ့ကိုဘယ်သူမှမီမည်မဟုတ်။
အစ်ကိုက Junghee ဆိုတဲ့အစ်မကို ပြောတဲ့လေသံ၊စကားသံက နူးညံ့လိုက်တာ။ ခါတိုင်းသူ့ကိုဆက်ဆံပြောဆိုပုံနဲ့တော့ တခြားစီပင်။
အစ်ကို့ရဲ့ခွဲခြားဆက်ဆံမှု အကြောင်းကိုတွေးမိတော့ Taehyung ငိုချင်မိသွားသည်။ တကယ်တမ်းကျ Jungkook ရဲ့ပြောဆိုဆက်ဆံပုံက သူနဲ့ပြောတဲ့အတိုင်းပင်။ ဘာမှထူးခြားပြီးပြောင်းလဲသွားတာရယ်လို့မရှိ။ သူကသာ အစိုးရိမ်လွန်ပြီး သံသယတွေများနေရတာပင်။
သူ့ကိုနူးညံ့စွာပြောနေသည့် Jungkook ရဲ့စကားတွေကိုလဲ Taehyung အသေအချာမသိနိုင်တော့ပေ။
တခြားသူကိုသာ အစ်ကိုကကောင်းကောင်းမွန်မွန်ဆက်ဆံနေသည်ဟု အတွေးကရောက်လို့နေသည်။
ခါတိုင်းဆိုချည်ပန်းထိုးတဲ့အချိန်တိုင်း မျက်လုံးလေးပြူးဝိုင်းကာ စိတ်ပါဝင်စားရှိလှသည့် Taehyung ဟာဒီနေ့တော့ စိတ်မပါလက်မပါဖြစ်နေသည်မို့လို့ တစ်ခုခုဖြစ်နေပြီမှန်း Yura တစ်ယောက်ရိပ်စားမိလိုက်သည်။
ခါတိုင်း Jungkook ကနှိပ်စက်သမျှအချိန်တွေအားလုံးမှာ အပြုံးမပျက်သည်းခံခဲ့တဲ့ Taehyung ရဲ့မျက်နှာဟာ သိသိသာသာကိုညှိုးနွမ်းလို့နေသည်မို့လို့ သာမန်ပြဿနာမဟုတ်မှန်းရိပ်မိနေပါသည်။ ကလေးလွယ်ထားရတာမလို့ အရင်ကထက်စိတ်ထားနုနယ်နေမယ့် Taehyung ကိုအခုလိုအားပျက်သွားအောင် လုပ်နိုင်တဲ့အရာကဘာများဖြစ်နေနိုင်လဲ။
အခုနောက်ပိုင်း Jungkook ဆီကနေ ဂရုစိုက်မှုတွေခံခဲ့ရလို့ တောက်လျှောက်ပျော်နေခဲ့တဲ့ Taehyung ရဲ့မျက်နှာလေးက ဘာလို့ဒီနေ့မှ မသာမယာဖြစ်နေရတာလဲ။ အခုလိုဖြစ်နေတာကိုမြင်တော့ သူစိတ်မကောင်းမိ။
أنت تقرأ
𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲
أدب الهواة𝚃𝚊𝚎𝚔𝚘𝚘𝚔 [ 𝚂𝚑𝚘𝚛𝚝 𝚂𝚝𝚘𝚛𝚒𝚎𝚜 𝙲𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗] 𝙸𝚝 𝚒𝚜 𝚠𝚛𝚒𝚝𝚝𝚎𝚗 𝚏𝚘𝚛 𝚝𝚑𝚎 𝚙𝚛𝚎𝚌𝚒𝚘𝚞𝚜 𝚕𝚘𝚟𝚎 𝚋𝚎𝚝𝚠𝚎𝚎𝚗 𝚝𝚠𝚘 𝚕𝚘𝚟𝚎𝚛𝚜 𝚠𝚑𝚘 𝚊𝚛𝚎 𝚒𝚗 𝚕𝚘𝚟𝚎 𝚠𝚒𝚝𝚑 𝚝𝚛𝚞𝚎 𝚕𝚘𝚟𝚎. 𝙹𝚎𝚘𝚗 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 💜...