TREE [Final Part]

3K 312 25
                                    

"ဘာစကား​တွေလာ​ပြော​နေတာလဲ။ ခင်ဗျားမှာစဥ်းစားတတ်တဲ့ အသိဉာဏ်မရှိ​တော့ဘူးလား။ "

ထယ့်ကိုဒီ​​လောက် ဒုက္ခ​ပေးထားတာကို အားမရလို့ အရှက်မရှိ လက်ထပ်ကြရ​​အောင်လို့ လာ​ပြော​နေသည့် Kim Taehee ကို ​Jungkook တစ်​ယောက်ဒေါသထွက်ထွက်နဲ့​ပြောလိုက်မိသည်။  

ခါတိုင်းဆို Kim Taehee နဲ့ပတ်သတ်သမျှကိစ္စတိုင်းကို ထယ်ကသာ ဆုံးဖြတ်​ပေမယ့် ဒီတစ်ခေါက်ကိစ္စကို​တော့ Jungkook မျက်နှာမလွှဲနိုင်ပါ။

Kim Taehee အ​ပေါ်​မ​ကျေနပ်ဖြစ်ရင်းနဲ့ ထယ့်ကိုလှမ်းကြည့်မိလိုက်​တော့ ဘာဆိုဘာမှမ​ပြောဘဲ နှုတ်ဆိတ်​နေတဲ့ ထယ်။ ငြင်းလိုက်စမ်းပါ ထယ်ရယ်။ ထယ်က Kim Taehee ရဲ့ကိစ္စတိုင်းကို ငြိမ်ခံတတ်တာမှန်​ပေမယ့် ဒီတစ်​ခေါက်ကို​တော့ လက်မခံသင့်ဘူး​​လေ ထယ်ရယ်။

Taehyung တစ်​ယောက်ဘာမှမ​ပြောဘဲ ငြိမ်​နေမိတာက တခြား​ကြောင့်​တော့မဟုတ်။ Taehee ရဲ့မျက်နှာ​ပြောင်တိုက်မှုက လွန်လွန်းအားကြီးသွားလို့ပင်။ ​ဘေးနားက​​နေ မ​ကျေမနပ်​ပြော​နေတဲ့ Jungkook ကို​ကျေးဇူးတင်မိသည်။ သူတစ်​ယောက်တည်းသာဆိုရင် ဘာ​ပြန်ပြောလို့ ​ပြောရမှန်းသိမှာမဟုတ်ဘူး။

"နင်နဲ့ ဘာဆိုင်လို့ဝင်​ပြော​နေရတာလဲ။ နင့်ကို​နား​ထောင်ရုံပဲနား​ထောင်ခိုင်းတာ။ ဒါကငါတို့နှစ်​ယောက်ဆုံးဖြတ်ရမယ့် ကိစ္စဟဲ့။ နင့်လိုမ​လောက်​လေးမ​လောက်စားနဲ့ဘာမှမဆိုင်ဘူး။ "

သူ့ဘက်ကမှန်တာ ဘာမှမရှိ​ပေမယ့် သူ့စကားကို အပြင်းအထန်ကန့်ကွက်​လိုက်သည့် Jungkook ကိုမ​ကျေမနပ်​ပြော​နေသည့် Taehee ။ Jungkook အ​နေနဲ့ ​တော်ရုံကိစ္စမျိုးကို သည်းခံချင်သည်းခံနိုင်လိမ့်မယ်။ ဒီတစ်ကြိမ်​တော့လုံးဝ သည်းမခံနိုင်တာ​ကြောင့်

"ကျွန်​တော့်ကို မ​လောက်​လေးမ​လောက်စားလို့​ပြောမယ့် အစားခင်ဗျားသာ ခင်ဗျားရဲ့ဘဝကို​ကောင်း​ကောင်းမွန်မွန် ရှင်သန်ပါ။ ခင်ဗျားက မိန်းက​လေးတစ်​ယောက်ဖြစ်​နေတာ တကယ်ကံ​ကောင်းသွားတယ်။

မဟုတ်ရင်ဒီ​နေရာမှာတင် ခင်ဗျားကိုဆွဲထိုးပစ်လိုက်ပြီ။ ငြိမ်ခံ​နေတိုင်း နုံအ​နေလို့မဟုတ်ဘူး။ ​ကျွန်​တော်တို့​တွေ ခင်ဗျားလုပ်သမျှကို လက်ပိုက်ကြည့်​နေတာက ​မေ​မေကြီးရဲ့မျက်နှာ​ကြောင့်ဆိုတာ မှတ်ထား။ "

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now