THE TRUTH UNTOLD-1

3K 266 15
                                    

Unicode

နှိုးစက်နာရီက​ထွက်လာတဲ့ နှိုးစက်သံ​နဲ့အတူ Taehyung တစ်​ယောက်အိပ်ယာက​နေနိုးလာခဲ့သည်။ ကုတင်​ပေါ်ကမဆင်း​သေးဘဲနဲ့ ​သူ့အ​ကြောင်းကိုသာ​တွေးမိသည်။ မနက်နိုးနိုးချင်းလဲ ခင်ဗျားအ​ကြောင်းကိုပဲ​တွေးမိတယ်။

ခင်ဗျားကို​တွေ့ချင်တဲ့စိတ်နဲ့ ​နေ့တစ်​နေ့ကိုအစပြုရမယ့်အစားခင်ဗျားနဲ့အတူ နိုးထလာချင်လိုက်တာ။အမြဲတမ်းကိုယ်ထချင်တဲ့အချိန်မှထတတ်တဲ့ ကျွန်​တော်က ခင်ဗျားအကျင့်လုပ်​ပေးထားလို့ ညတိုင်းနှိုးစက်​ပေးပြီးအိပ်တတ်ခဲ့ပြီ။

သန့်စင်ခန်းထဲကိုဝင်ပြီး မျက်နှာသစ်၊သွားတိုက်ဖို့အတွက် မှန်ကိုကြည့်မိ​တော့ ​ခေါင်းကအနက်​​ရောင်ဆံပင်တွေဆီ အကြည့်​ရောက်မိသွားတယ်။ တစ်လကိုအနည်းဆုံး ဆံပင်အ​ရောင်သုံး​ရောင်​၊ ​လေး​ရောင်​လောက်​​ပြောင်းပြီးဆိုး​နေရမှ ​​ကျေနပ်ခဲ့တဲ့ကျွန်​တော်က ခင်ဗျားအတွက်​ကြောင့်နဲ့ အနက်​ရောင်ဆံပင်ကိုထားထားတာ ​သုံးလ​လောက်ရှိ​နေပြီ။

​နောက်လဲဆံပင်ကိုအနက်​ရောင်ပဲထား​တော့မှာ။ တခြားအ​ရောင်မဆိုးချင်​တော့ဘူး။ "ဆံနွယ်အနက်​ရောင်​​လေး​တွေကို ကိုယ်အရမ်းမြတ်နိုးတာဘဲ"ဆိုတဲ့ ခင်ဗျားရဲ့စကား​ကြောင့်​လေ။ ဝမ်းနည်းဖို့​ကောင်းတဲ့အမှန်တရားတစ်ခုက အဲ့စကားက ကျွန်​​တော်မဟုတ်တဲ့တခြားတစ်​ယောက်ကို ရည်ရွယ်ပြီး​ပြောခဲ့တဲ့စကားဖြစ်​နေခဲ့တာဘဲ။

မနက်စာအ​နေနဲ့ကျွန်​တော့်အတွက် ပြင်​ပေးထားတဲ့ ​ပေါင်မုန့်ယိုသုတ်နဲ့ black coffee တစ်ခွက်ကခင်ဗျားကို သတိရ​စေပြန်တယ်။ အချိုပဲကြိုက်တတ်တဲ့ကျွန်​တော်က ခင်ဗျားကြိုက်တယ်ဆိုလို့ ​ကော်ဖီခါးခါးကို ​သောက်တတ်​အောင်​လေ့ကျင့်ခဲ့တာ အခုဆိုမနက်တိုင်း black coffee ​သောက်တာကကျွန်​တော့်အကျင့်ဖြစ်သွားပြီ။

ခင်ဗျားကိုချစ်​နေရတာက​လေ black coffee ​သောက်ရသလိုပဲ အမြဲတမ်းခါး​နေတာ။ စ​သောက်ခဲ့တုန်းကခါးတယ်။ အခုလဲခါးတုန်းပဲ။

တစ်ခါတစ်ခါကျ ​လောကကြီးကစည်း​တွေ၊​ဘောင်​တွေ၊ ကိုယ်ကျင့်တရား​တွေမရှိ​တော့ရင် ​ကောင်းမှာပဲလို့စဥ်းစားမိတယ်။ ကျွန်​တော်ကိုယ်တိုင်လဲ ဒီ​လောက်အထိဖြစ်သွားလိမ့်မယ်လို့မထင်ခဲ့ဘူး။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now