𝐓𝐡𝐢𝐬 𝐋𝐨𝐯𝐞.........1

2.1K 201 6
                                        

Unicode

"ဖြန်း"

ပါးပြင်​ပေါ်ကျ​ရောက်လာတဲ့ လက်ဝါးကို Taehyung ဘယ်လိုမှခံစားမ​နေ။ ဒီ​လောက်က​တော့သူခံသင့်ပါတယ်​လေ။ ပြီး​တော့သူ့ကိုအခုလို ပါးရိုက်တဲ့လူ​တွေအကုန်လုံးက ကိုယ့်အရှုံးကို လက်မခံနိုင်လို့ ဒီလိုနည်းလမ်းမျိုးနဲ့ တုံ့ပြန်ကြတာ​တွေချည်းဘဲ​လေ။

"နင်ငါ့ဆီက​နေ ညာယူသွားတဲ့ ပိုက်ဆံ​တွေတပြားမှ ပြန်​ပေးစရာမလိုဘူး။တစ်ခု​တော့မှတ်ထား ပိုင်းလုံး​ကောင်။ နင်အခုလိုလုပ်ခဲ့တဲ့ လုပ်ရပ်အတွက်နင်ပြန်ပြီး ဝဋ်လည်တဲ့အချိန်ကျမှ ငါ့ကိုကိုယ်ချင်းစာလာလိမ့်မယ်။ "

ရှက်ရမ်းရမ်းကာ ​ပြောပြီးထွက်သွားတဲ့​ကောင်မ​လေးရဲ့ စကား​ကြောင့် Taehyung ရယ်မိသည်။ လိမ်ယူထားတဲ့ ပိုက်ဆံ​တွေကို ပြန်ပြီး​တောင်းရင်လဲ သူက​ပေးမှာမှမဟုတ်တာ။

အစကတည်းကမှ အခုလိုပိုက်ဆံလိုချင်လို့ သူ့လိုမိန်းမမျိုးကို တွဲခဲ့တာ​လေ။ ​ယောက်ျားပိုင်းလုံးလို့ အ​ခေါ်ခံရလဲ မတတ်နိုင်။ သူ့ဘဝမှာ ပိုင်ဆိုင်တာဆိုလို့ ရုပ်ရည်ပဲရှိတာမို့လို့ ရုပ်ရည်ကိုရင်းပြီး လုပ်စား​နေတာကို ဘာမှ​ထွေ​ထွေထူးထူး ခံစားမ​နေ​တော့။

အခုလိုပဲ မိန်းက​လေး​တွေ တစ်​ယောက်ပြီးတစ်​ယောက်တွဲပြီး အခုလိုပိုက်ဆံချူစား​နေတာက သူ့အတွက်​အ​ကောင်းဆုံး ​ငွေဝင်​ပေါက်မို့လို့ ဒီလိုလုပ်​​နေတာက မ​ကောင်းမှန်းသိ​ပေမယ့် ဆက်လုပ်​နေမိသည်။

ပြီး​​တော့ သူ့အ​နေနဲ့ဒီလိုလုပ်မှ သူ့ချစ်သူနဲ့လက်ထပ်ဖို့ ပိုက်ဆံစုနိုင်မှာ​လေ။ အမြဲတမ်းအလုပ်အ​နေနဲ့ ပစ္စည်းလိုက်ပို့တဲ့ အလုပ်ကိုလုပ်​နေ​ပေမယ့် အဲ့လိုရိုရိုးသားသား ပိုက်ဆံရှာရတာက ပိုက်ဆံ​ရတာ တော်​​တော်နည်းလှသည်။

တစ်ပဲ​ခြောက်ပြား​လောက်ပဲ ပိုင်ဆိုင်မှုရှိတဲ့သူ့ကို သူ့ချစ်သူမိဘ​တွေက သ​ဘောမတူကြတာ​ကြောင့် အခုလိုနည်းနဲ့ ပိုက်ဆံရှာ​နေရတာပင်။

နာရီကိုကြည့်လိုက်​တော့ ည​နေ (၆) နာရီထိုး​တော့မည်။ သူ့​ကောင်မ​လေးအလုပ်က ဆင်း​တော့မည့်အချိန်​​ရောက်ခါနီး​နေပြီမို့လို့ သွားကြိုဖို့ပြင်လိုက်သည်။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Onde histórias criam vida. Descubra agora