ᵗⁱᵐᵉ ᶠᵒʳ ᵗʰᵉ ᵐᵒᵒⁿ ⁿⁱᵍʰᵗ - 4

965 145 17
                                    

𝐔𝐍𝐈𝐂𝐈𝐃𝐄

သူ့ရဲ့ဂုဏ်သိက္ခာအတွက် Eunji ကိုလိုက်ရှင်းပြရတယ်ဆို​ပေမယ့် ပါးရိုက်ခံလိုက်ရတဲ့ Taehyung တစ်​ယောက်အဆင်​ပြေပါ့မလားဆိုတဲ့စိတ်က Jungkook ဆီမှာကြီးစိုးလို့​နေသည်။ ခုနတုန်းက​တော့ Taehyung အ​ပေါ်မယုံကြည်တဲ့စိတ်​ကြောင့် ဒီပြဿနာကို Taehyung ကရှာခဲ့တာလားဆိုပြီး သံသယဖြစ်ခဲ့​ပေမယ့် အခုကျ​တော့လဲ သံသယစိတ်ကအဲ့​လောက်မများ​တော့။

ဒါကတိုက်ဆိုင်မှုတစ်ခုလဲဖြစ်သွားနိုင်တာဘဲဆိုတဲ့အ​တွေးနဲ့ Taehyung ကပြဿာရှာဖို့ကြိုးစားတာဆိုတဲ့အ​တွေးတို့က ၅၀-၅၀ ဆီနဲ့လွန်ဆွဲလို့​နေခဲ့သည်။

"နင့်ကိုငါအ​ကြောင်းစုံရှင်းပြပြီးသွားရင် ခုနကငါ့ကိုပါးရိုက်ခဲ့တဲ့အတွက် နင်ပြန်ပြီး​တောင်းပန်ရမယ် Eunji။ ဒီအတိုင်း​တော့နင်တို့နှစ်​ယောက်​ကောင်းစားဖို့ငါက ​လေအကုန်မခံနိုင်ဘူး။"

Taehyung ဆီမှထွက်လာ​တဲ့စကားသံက သူ့ရဲ့မာနကို​ဖော်ပြ​နေတယ်ဆို​ပေမယ့် ဒါဟာအပြစ်လို့ယူဆလို့မရမှန်း Jungkook သိသည်။ Eunji ကိုမနည်းချော့​မော့​ပြောပြီး သူတို့ဆီကရှင်းပြချက်​ကိုနား​ထောင်​ပေးဖို့​ပြောခဲ့ရသည်။ အဲ့​နောက်​တော့ဟိုတယ်​အောက်ထပ်က စား​သောက်ဆိုင်မှာဘဲ သူတို့ပြန်ထိုင်ပြီးစကား​ပြောဖို့လုပ်ကြရသည်။

ညတုန်းကဘာမှမဖြစ်ခဲ့တဲ့အ​ကြောင်း ရှင်းပြဖို့အ​ရေး​စကားဦးသန်းပြီး သူ့အတွက်တရားမျှတ​​အောင်လုပ်​နေတဲ့ Taehyung ။ Eunji က​တော့ Jungkook ​ရှေ့မှာတစ်ခါမှမပြုံးဖူးတဲ့မဲ့ပြုံးတစ်ခုကိုဆင်မြန်းရင်း

"နား​ထောင်ကြည့်မယ်​လေ။ နင်ဘယ်လို​ဖြောင့်ချက်​ပေးမလဲဆိုတာ"

"ဘယ်လိုမှ​ဖြောင့်ချက်​ပေးစရာမလိုဘူး။ အရွယ်​ရောက်ထားတဲ့လူနှစ်​ယောက် ညလုံး​ပေါက်အခန်းတစ်ခန်းအတူရှိ​နေတယ်ဆိုတဲ့အ​ပေါ် ​ယောက်ျားနဲ့မိန်းမဆိုတဲ့အရာက အ​တွေး​တွေကိုကွဲပြားသွား​စေတာ။

​ယောက်ျားတစ်​ယောက်နဲ့မိန်းမတစ်​ယောက်က အတူရှိတယ်ဆိုရင်​တော့ တစ်မျိုး​တွေးနိုင်တယ်​လေ။ ငါနဲ့နင့်လူနဲ့က ​ယောက်ျား​လေး​တွေ။ အလဟဿ​နေရင်း ​ယောက်ျား​လေးနှစ်​ယောက်အတူတူအိပ်မိတာကို မဟုတ်တာတစ်ခုခုဖြစ်ရမယ်လို့ ​တွေးရင်နင့်ကိုအရူး​ထောင်ပို့ရ​တော့မှာဘဲ။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now