Unicode
လက်ထဲကရုပ်ပြောင်ပန်းချီကားလေးတွေကိုကြည့်ကာ ကျေနပ်နေတဲ့ Taehyung ငယ်။ သူတစ်ယောက်တည်းရုပ်ပြောင်ပန်းချီအဆွဲခံချင်တာဆိုပေမယ့် Jungkook ရဲ့ပန်းချီကိုလဲ လိုချင်မိတာကြောင့် Jungkook ကမကြိုက်ဘူးလို့ ငြင်းနေတဲ့ကြားထဲက မရမကကို Jungkook ရဲ့ရုပ်ပြောင်ပန်းချီရအောင်လုပ်ခဲ့သည်။
"မင်းပုံကအရမ်းကြည့်လို့ကောင်းနေတယ်။ ရုပ်ပြောင်ဆွဲထားတာတောင် ကြည့်လို့ကောင်းတာ မင်းတစ်ယောက်ပဲရှိလိမ့်မယ်။"
ဝက်ဝံဖြူလေးရဲ့စကားသံ။ Jungkook မလုပ်ချင်တာကို အတင်းလုပ်ခိုင်းထားသည်မို့လို့ သူ့ကို Jungkook ကစိတ်ဆိုးသွားမှာ Taehyung မှာစိုးရိမ်လို့နေသည်လေ။ အဲ့ဒါကြောင့် Jungkook စိတ်ပြေသွားအောင် မြှောက်ပြောနေခြင်းပင်။ တကယ်လဲ Jungkook ရဲ့ရုပ်ပြောင်ပုံတူက ကြည့်ကောင်းလို့နေပါသည်။
"မင်းရောဘာထူးလဲ။ ရုပ်ပြောင်ပုံဆွဲပေးတာတောင် မလိုအပ်ဘဲ ချစ်ဖို့အရမ်းကောင်းနေတယ်မဟုတ်ဘူးလား။"
Jungkook ရဲ့ချီးကျုးစကားသံကြောင့် Taehyung ငယ်ဟာသူ့ရဲ့ပုလဲလုံးလေးအားလုံးတွေပေါ်အောင်အထိ ပြုံးပြရှာသည်။ Jungkook ကသူ့ကိုချီးကျူးစကားပြန်ပြောသည်ဆိုတော့ သူ့ကိုစိတ်မခုနေမှန်း သိသာသည်လေ။ ဒီကြားထဲ လမ်းလျှောက်နေရင်း Jungkook ရဲ့လက်မောင်းကို သူ့ရဲ့လက်နဲ့တွယ်ချိတ်လိုက်သည့် Taehyung ငယ်။
ဒီအပြုအမူလေးကြောင့် Taehyung ဘယ်လောက်ပဲဂျစ်တိုက်ကာဗိုလ်ကျနေပါစေ စိတ်မဆိုးတတ်တဲ့ Jungkook ဟာပိုပြီးကျေနပ်သွားရသည်။ ဘယ်သူတွေပဲကြည့်ကြည့် ချစ်သူတွေလို့သာ ထင်သွားနိုင်တဲ့ပုံစံမျိုး Taehyung နဲ့နေရတာက သူ့ကိုစိတ်ပျော်စေသည်။
"ဒီနေ့ မင်းရောငါရော အားနေတော့အချိန်တွေအများကြီး ပိုနေသေးတယ်။ ဘယ်သွားချင်သေးလဲ။"
"ဘယ်မှမသွားဘဲနဲ့ ဒီအတိုင်းလေးလမ်းလျှောက်ချင်တယ်။ ဗိုက်ဆာလာရင်တွေ့တဲ့ဆိုင်တစ်ခုမှာ ဝင်ပြီးစားကြမယ်။ ငါလမ်းလျှောက်ရတာညောင်းလာရင် မင်းကငါ့ကိုကုန်းပိုးရမယ်။ မင်းပါညောင်းလာပြီဆိုရင်တော့ အိမ်ပြန်ကြမယ်။"
KAMU SEDANG MEMBACA
𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲
Fiksi Penggemar𝚃𝚊𝚎𝚔𝚘𝚘𝚔 [ 𝚂𝚑𝚘𝚛𝚝 𝚂𝚝𝚘𝚛𝚒𝚎𝚜 𝙲𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗] 𝙸𝚝 𝚒𝚜 𝚠𝚛𝚒𝚝𝚝𝚎𝚗 𝚏𝚘𝚛 𝚝𝚑𝚎 𝚙𝚛𝚎𝚌𝚒𝚘𝚞𝚜 𝚕𝚘𝚟𝚎 𝚋𝚎𝚝𝚠𝚎𝚎𝚗 𝚝𝚠𝚘 𝚕𝚘𝚟𝚎𝚛𝚜 𝚠𝚑𝚘 𝚊𝚛𝚎 𝚒𝚗 𝚕𝚘𝚟𝚎 𝚠𝚒𝚝𝚑 𝚝𝚛𝚞𝚎 𝚕𝚘𝚟𝚎. 𝙹𝚎𝚘𝚗 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 💜...
