Belief ☘︎

1.2K 177 11
                                    

Unicode

​အလုပ်ကပြန်လာလာချင်း တိတ်ဆိတ်လို့​နေသည့် အိမ်အ​နေအထား​ကြောင့် ​​ဂျောင်ဂု တစ်မျိုးဖြစ်သွားမိသည်။

လက်ထပ်ပြီးကတည်းက သူနဲ့အစ်ကိုနှစ်​ယောက်တည်း​နေ​နေတဲ့ အိမ်​လေးကို ဒယ်ဂူကအစ်ကို့ညီနဲ့ညီမ လာလည်တာတစ်ပတ်​လောက်ရှိပြီမို့လို့ သူပြန်လာချိန်တိုင်း အစ်ကိုတို့​မောင်နှမသုံး​ယောက်ရဲ့အသံကို အမြဲကြား​နေကြ။ ဒီ​​နေ့ကျ တိတ်ဆိတ်လွန်းလှသည်။

သူ့​ယောက်ဖနဲ့ခယ်မ ရုတ်တရက်ကြီးငြိမ်ကျ​နေတယ်ဆို​တော့ အပြင်​တွေဘာ​တွေ သွားလည်လို့ပဲဟု သူသတ်မှတ်လိုက်မိသည်။

"အစ်ကို​ရေ ကျွန်​တော်ပြန်​ရောက်ပြီ။"

အိမ်ထဲကိုအသံ​ပေးပြီး မီးဖိုခန်းထဲ​ရေသွား​သောက်မိသည်။ ဘာမှမတုံ့ပြန်လာသည့် အစ်ကိုက စိတ်ဆိုးစိတ်​ကောက် တစ်ခုခုဖြစ်​နေတာများလား။

​သူမပါဘဲ အပြင်ကိုမထွက်တတ်တဲ့အစ်ကိုက သူ့ညီနဲ့ညီမ​ရောက်လာလို့ အပြင်ထွက်သွားတာလား။

အ​တွေးမျိုးစုံ​ဝင်​ရောက်​နေတုန်းရှိ​သေး မီးဖိုခန်းရဲ့​ချောင်မှာကပ်​နေတဲ့ အစ်ကို့ညီနဲ့ညီမကို ​တွေ့လိုက်ရသည်။ခုနက မမြင်ဘဲအခုမှမြင်တာမို့ ​ရေ​သောက်​နေရင်း သီး​တောင်သွားသည်။ နှစ်ယောက်လုံးကြည့်ရတာလဲ မျက်နှာမ​ကောင်း​ပေ။

"နှစ်​ယောက်သား ဘာဖြစ်​နေကြတာလဲ။ အစ်ကို ​ဆူလို့လား"

အနားသွားကပ်ကာ​မေး​​တော့ ခယ်မလုပ်သူက ​ခေါင်းငြိမ့်ပြသည်။ အပြစ်လုပ်ထားတဲ့ မျက်နှာ​လေးနဲ့

"ကိုကိုက ငယ်​လေးတို့နှစ်​ယောက်လုံးကို ဒယ်ဂူပြန်ခိုင်း​​နေပြီ။ ကိုကြီး​ပြော​ပေးဦး။"

အစကဖြင့် တစ်လ​လောက်လာလည်တဲ့နှစ်​ယောက်ကို တစ်သက်လုံးပဲ​နေလိုက်ပါ​တော့ဆိုပြီး အဆွယ်​ကောင်း​နေတဲ့ အစ်ကိုက အခုကျ​တော့တစ်ပတ်တည်းရှိ​သေး။ အိမ်​ပေါ်ကနှင်ချသည်တဲ့။

"နှစ်​ယောက်က သူစိတ်တို​အောင် ဘာ​တွေသွားလုပ်မိလို့လဲ။" 

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now