ᶜʳʸ ᶠᵒʳ ᵐᵉ * 2

1.4K 212 30
                                    

Unicode

ည ၉ နာရီ​ထိုးတဲ့အထိ အိမ်ပြန်ရောက်​မလာသေးတဲ့ Jungkook ။ ၈ နာရီကို​နောက်ဆုံးထားပြီး ပြန်လာဖို့​ပြောထားတဲ့ စည်းကမ်းကို Jungkook ကပထမဆုံးအကြိမ် ချိုး​ဖောက်လိုက်ပြီဘဲ။

သူ့ဘက်ကဘာမှမ​ပြောဘဲ ​နေတာများသွားပြီနဲ့တူတယ်။ အိမ်​ထောင်သက် ၃ လအတွင်းမှာဘဲ Jungkook ကအိမ်စည်းကမ်းကို စ​ဖောက်လာပြီ။ ပြီး​တော့ Minseok ဆိုတဲ့​ကောင်​လေးနဲ့ ​ဇာတ်လမ်းကလဲ တခြားသူ​တွေထက် ပိုတဲ့ အ​ခြေအ​နေတစ်ခုကို ​ရောက်​နေသည်​​လေ။

ထမင်းဝိုင်းမှာ ​ထိုင်​စောင့်​နေရတာက သူ့ကိုစိတ်မရှည်ဖြစ်​စေသည်။ တ​​ရွေ့​ရွေ့သွားရင်း မြည်​နေတဲ့စက္ကန့်တံ​တွေက တိတ်ဆိတ်မှုကို ​ဖော်ပြလို့​နေပြန်သည်။ ​နောက်ကျတဲ့နာရီအချိန်ကများ​လေ၊ သူ့အတွက်ထိခိုက်မှုများ​လေ ဆိုတာကို Jungkook ​တော့​သေချာမသိ​ပေ။

ဝတ်​လေ့ဝတ်ထမရှိ​ပေမယ့် ဇာအနက်​ရောင်​တွေပါ​တဲ့ ညဝတ်အင်္ကျီအပါးကို လဲဝတ်လိုက်ပြီးမှ ထမင်းဝိုင်းဆီ​​နောက်တစ်​ခေါက် ပြန်လာလိုက်သည်။ ညစာကိုတမင်မစားဘဲ ​စောင့်​​နေမိသည်။

တခြားတစ်​ယောက်​ကြောင့် ကိုယ့်ကိုယ်ကိုထိခိုက်တာမျိုးက်ု မကြိုက်​ပေမယ့် Jungkook အမြင်မှာသူက သနားဖို့​ကောင်း​နေရမည်။ သူ့ကို​စောင့်​နေရတာနဲ့တင် ညစာမစားရ​သေးတဲ့ပုံမျိုးဖြစ်​အောင် သူသရုပ်​ဆောင်ရမည်။ သူက​ဘာမဟုတ်တဲ့ ကိစ္စ​လေးကအစ ​ခေါင်းမာတတ်တဲ့အကျင့်ရှိတာကို Jungkook အခုထိ​သေချာမသိ​သေးဘူး​လေ။

၉ နာရီထိုးပြီးလို့ ၁၀ မိနစ်စွန်းစွန်းမှာ နားထဲဝင်လာတဲ့ကားသံ​ကြောင့် Jungkook အိမ်ပြန်​ရောက်လာပြီဆိုတာကိုသိလိုက်ရသည် ။ သီချင်း​​လေးတ​ကြော်​ကြော်နဲ့ ကား​သော့ကိုလက်နဲ့လှည့်ဆော့ပြီးဝင်လာတဲ့ Jungkook ရဲ့အပြုအမူ​တွေက အပြင်မှာ​တော်​တော်​ပျော်ခဲ့တယ်ဆိုတာကို ​ဖော်ပြ​နေသလိုပင်။

ဒါ​ပေမယ့်ထမင်းစားပွဲမှာ ​ထိုင်​နေတဲ့သူ့ကိုမြင်​တော့ ​နည်းနည်းတုန်လှုပ်သွားတဲ့ပုံ။ အားနာသွားတဲ့ပုံစံနဲ့ သူ့နားကိုကပ်လာကာ

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now