Unicode
ဒီနေ့က Jungkook တို့မိသားစုအိမ်ပြောင်းတဲ့နေ့ပင်။ အိမ်ပြောင်းတယ်ဆိုပေမယ့် Jungkook တို့မိသားစုကပစ္စည်းကြီးကြီးမားမားသယ်စရာမရှိ။ အဝတ်အစားနဲ့အရေးကြီးပစ္စည်းအနည်းငယ်သာ သယ်စရာလိုသည်။ ပရိဘောဂနဲ့ လူသုံးပစ္စည်းတွေက Taehyung တို့ဆီမှာအသင့်ရှိပြီးသားဘဲလေ။
ပြီးတော့ Jungkook တို့အခုနေနေတဲ့အိမ်ကိုရောင်းချင်လို့ပြောင်းတာလဲမဟုတ်ဘဲ တူအရီးနှစ်ယောက်တည်းနေနေတဲ့ Taehyung တို့ဆီသိုက်သိုက်ဝန်းဝန်းလေးဖြစ်သွားအောင် လာနေခြင်းဖြစ်သည်။ အခန်းလွတ်တွေကလဲအများကြီးရှိသည်မို့လို့ လူချည်းဘဲပြောင်းနေရင်တောင်နေလို့ရသည်။
အိမ်နှစ်လုံးကလဲ နီးနီးလေးပဲမို့လို့ Jungkook တို့အိမ်ပြောင်းတာက နာရီဝက်လောက်သာအချိန်ယူလိုက်ရသည်။ အခန်းအသစ်ထဲ Jungkook ကပစ္စည်းတွေနေရာချတော့ Taehyung ကကူလုပ်ပေးသည်။ ဒီလိုနဲ့ဘဲ အချစ်ဆုံးလူသားလေးနဲ့တစ်အိမ်တည်းနေရတော့မှာ သေချာသွားပြီမို့လို့ Jungkook မှာတစ်နေ့လုံးမျက်နှာကြီးပြုံးနေရပြန်သည်။
Jungkook အခန်းကိုနေရာချခဲ့တုန်းက ကူညီစရာဘာမှမရှိပေမယ့် နေ့လည်စာစားပြီးသွားတဲ့အချိန်မှာတော့ သူ့ကိုရေခဲမုန့်ဝယ်ကျွေးဖို့ Taehyung ကအရေးဆိုလာခဲ့သည်။ Jungkook ကလဲမငြင်း။ သူတို့နဲ့အတူနေတဲ့ မိသားစုဝင်တွေထဲမှာ Taehyung ကြီးကြီးနဲ့မမက ရေခဲမုန့်သိပ်မကြိုက်သလို ယောက်ဖလုပ်သူကလဲ အချိုအအေးတွေနဲ့သိပ်မတည့်တာကြောင့် နှစ်ယောက်တည်းအပြင်ကိုထွက်လာမိသည်။
ဒါတောင်ရစ်လုံးလေး Taehyung က Jungkook ကိုပဲထွက်ဝယ်ခိုင်းသေးသည်။ အပြင်ကိုနှစ်ယောက်အတူသွားချင်တဲ့ Jungkook ကမနည်းချော့ပြီး ခေါ်လာလို့သာအပြင်ကိုအတူလိုက်လာရခြင်းဖြစ်သည်။ အဲ့နောက်တော့နှစ်ယောက်လုံး ကတော့နဲ့ရေခဲမုန့်တစ်ခုစီကိုင်ကာ ရပ်ကွက်ပန်းခြံက ဒန်းပေါ်မှာထိုင်ပြီးစကားပြောဖြစ်ကြသည်။
Taehyung က ကတော့နဲ့ရေခဲမုန့်ကို ခွက်နဲ့ထည့်ထားတဲ့ရေခဲမုန့်ထက် ပိုကြိုက်သည်။ အကြောင်းရင်းကတော့ရှင်းပါသည်။ ဝေဖာနဲ့လုပ်ထားတဲ့ကတော့က စားလို့ရတာကြောင့်ပင်။ ဘယ်အချိန်မဆိုစားဖို့သာ အမြဲတွေးနေတဲ့ပေါက်စက စားသလောက်မဝတာ တကယ်ကံကောင်းသည်။ ဒါပေမယ့်သူချစ်ရတဲ့ကောင်လေးက ဖက်တီးပုပ်လေးဖြစ်သွားရင်တောင် Jungkook ကဆက်ချစ်နေမှာ အသေအချာပင်။
YOU ARE READING
𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲
Fanfiction𝚃𝚊𝚎𝚔𝚘𝚘𝚔 [ 𝚂𝚑𝚘𝚛𝚝 𝚂𝚝𝚘𝚛𝚒𝚎𝚜 𝙲𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗] 𝙸𝚝 𝚒𝚜 𝚠𝚛𝚒𝚝𝚝𝚎𝚗 𝚏𝚘𝚛 𝚝𝚑𝚎 𝚙𝚛𝚎𝚌𝚒𝚘𝚞𝚜 𝚕𝚘𝚟𝚎 𝚋𝚎𝚝𝚠𝚎𝚎𝚗 𝚝𝚠𝚘 𝚕𝚘𝚟𝚎𝚛𝚜 𝚠𝚑𝚘 𝚊𝚛𝚎 𝚒𝚗 𝚕𝚘𝚟𝚎 𝚠𝚒𝚝𝚑 𝚝𝚛𝚞𝚎 𝚕𝚘𝚟𝚎. 𝙹𝚎𝚘𝚗 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 💜...