𝗬𝗼𝘂 𝗱𝗼𝗻'𝘁 𝗸𝗻𝗼𝘄 𝗺𝗲 • 2

1.2K 197 14
                                    

𝐔𝐍𝐈𝐂𝐎𝐃𝐄

Taehyung နိုးလာသည့်အချိန်မှာ​ အစ်ကိုကသူ့အနားမှာ ရှိမ​နေတာမလို့ Taehyung စိတ်ထဲမ​ကောင်း​ပေ။ သူ့မှာကိုယ်ဝန်ရှိ​နေပြီဆိုတာကို သူလဲဒီမနက်မှ သိခဲ့ရတာပင်။

စသိသိချင်းမှာ အစ်ကို့ရဲ့တုံ့ပြန်မှုက ဘယ်လိုရှိ​နေမလဲဆိုတာ ​တွေးရင်းသူ့မှာရင်ခုန်ခဲ့ရသည်။ ဒါ​​ပေမယ့်အဲ့ဒီ့ကြည်နူးရင်ခုန်မှု​လေးက သိပ်မကြာလိုက်ပါ။ အစ်ကိုကက​လေး​လေးကိုပါ မုန်းသွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့ အသိကြီးက သူ့​ခေါင်းထဲ​​ရောက်လာချိန်မှာ​တော့ စိုးထိတ်မှု​တွေကသာ ပြည့်နှက်လာခဲ့သည်။

အခုလဲသူ​တွေးထင်ထားတဲ့အတိုင်းပင်။ အစ်ကိုကသူကိုယ်ဝန်ရှိ​နေတာကို သိပြီးစိတ်ပျက်သွားသည်ထင်ပါရဲ့။ ​တွေးကြည့်မိ​တော့ ဝင်လာသည့်အားငယ်စိတ်က သူ့ကိုမျက်ရည်ကျ​စေသည်။

စလက်ထပ်ခဲ့တဲ့အချိန်ကတည်းက တစ်ယောက်တစ်ခန်းစီ ခွဲ​နေခဲ့ရပြီး သူနဲ့ကိုယ်လက်နှီး​နှောဖို့ ဆန္ဒရှိတဲ့အခါမျိုးမှ သူ့အခန်းဆီလာတတ်သည့်အစ်ကိုက အခုဆိုသူ့ဆီ​ရောက်လာဖို့ ​မျှော်လင့်ချက်​တောင်မရှိ​တော့​ပေ။

အစ်ကိုသူ့ဆီ​ရောက်လာတိုင်း သူဟာနာကျင်စွာ ​ပေးဆပ်ရသူမလို့ တစ်ခါတစ်ခါအစ်ကိုသူ့ဆီ​ရောက်လာမှာ​တောင် ​ကြောက်ခဲ့ရတဲ့နေ့​တွေအများကြီးရှိခဲ့သည်။ ခါတိုင်းအချိန်​တွေလဲ ​ကြောက်ဖို့​ကောင်းသည့်အစ်ကိုက ဆန္ဒပြင်းပြ​နေသည့်အချိန်မျိုးဆို ပိုပြီး​တော့​ကြောက်ဖို့​ကောင်းသည်​လေ။

သူနဲ့အတူရှိ​နေတိုင်း နာကျင်မှုကလွဲလို့ တခြားအရာ​တွေမ​ပေးတတ်သည့်အစ်ကိုက သူ့ကိုနူးနူးညံ့ညံ့တစ်ခါမှ မဆက်ဆံဖူးပါ။ ကြည့်သည့်အကြည့်​တွေကလဲ တန်ဖိုးမရှိတဲ့​ကောင်ဆိုတဲ့ သ​ဘောနဲ့သာကြည့်တတ်သည်။

သို့​ပေမယ့်လဲ အခုဆိုအစ်ကို့နားမှာ ​ပေးဆပ်ခွင့်​လေး​တောင်မရှိ​တော့ဘဲ သူတို့နှစ်​ယောက်ရဲ့က​လေး​လေးကိုပါ အမြင်မကြည်ဖြစ်​တော့မည့်အစ်ကို​ကြောင့် Taehyung ​သေ​လောက်​အောင်နာကျင်ရသည်။ အရာရာဟာ သူလုပ်ခဲ့တာ​တွေပဲမို့ သူဘာမှမ​ပြောချင်​တော့။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now