Our Dreams - 4

980 155 11
                                    

𝐔𝐍𝐈𝐂𝐈𝐃𝐄

​ဂျောင်ဂုယာဥ်တိုက်မှုဖြစ်ပြီး မှတ်ဉာဏ်​တွေ
က​မောက်ကမဖြစ်သွားရတာက သူနဲ့တိုက်ရိုက်
မပတ်သတ်ရင်​တောင် သွယ်ဝိုက်ပြီးပတ်သတ်တယ်
ဆိုတာကို​ကောင်း​ကောင်းသိ​နေ​သော
ထယ်​ယောင်းမှာ​ ​ဂျောင်ဂုအတွက်တစ်ခုခု
ပြန်လည်​ပေးဆပ်သင့်တယ်ဆို​သော
အသိတစ်ခုကို ရလာသည်။
သူ့ဘက်ကဘာမှမကူညီနိုင်ရင် သူတကယ်
စိတ်​ကောင်းမည်မဟုတ်။

သူ့ကုသိုလ်ကံနဲ့သူ ​ဂျောင်ဂုဟာကား​အက်စီးဒင့်
ဖြစ်သည့်တိုင် မှတ်ဉာဏ်​တွေတလွဲတ​ချော်ဖြစ်ပျက်
သွားရခြင်းက သူ့​ကြောင့်ဆိုတာမ​ပြောဘဲနဲ့ကို
ထယ်​ယောင်းနားလည်မိသည်။
သူ့ကိုသိပ်အစွဲအလန်းကြီး​​သောထိုလူကြီးအ​နေနဲ့
သူနဲ့ပတ်သတ်သမျှ နာကျင်စရာအမှတ်တရ​တွေကို
ဖျတ်ဆီးပစ်လိုက်တာ​နေလိမ့်မည်ဟူ​သော
အ​တွေးက ကြိုးစားမ​တွေးဘဲနဲ့ကို
ထယ်​ယောင်း​ခေါင်းထဲ ခဏခဏ​ရောက်လို့လာသည်။

လက်ထပ်ပြီးအတူ​တူ​နေရတာကိုလုံးဝ
မနှစ်သက်​သောသူသည် ဂျွန်​ဂျောင်ဂုဆို​သော
လူကြီးအ​​ပေါ်အားနာမိတာ​ကြောင့်
သူ့အတွက်တအားခဲယဥ်းလှ​သော
ဆုံးဖြတ်ချက်တစ်ခုကို မဖြစ်မ​​နေချလိုက်ရသည်။

"အခုလို​တွေး​​ပေးတာ​ကျေးဇူးပါ သားရယ်။
အ​မေ့သား​ဂျောင်ဂုက မင်းကိုဘယ်​လောက်
တွယ်တာလိုက်လဲ။ မင်းတို့​တွေကွာရှင်းလိုက်ပြီဆိုတဲ့
အ​ကြောင်းကို​ပြောပြဖို့ အ​မေတို့မှာ
တအားအခက်​တွေ့ခဲ့တာ။ ဒီအတိုင်းဆို
အဲ့အ​ကြောင်း​ပြောပြစရာမလို​တော့ဘူး​​ပေါ့။
​တော်ပါ​သေးရဲ့ကွယ်။"

သူ့လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ရင်း ​
ယောက္ခမလုပ်သူဆီက ​ထပ်တလဲလဲ​သော
​ကျေးဇူးတင်စကား​တွေကိုကြား​နေရသည်မို့
ထယ်​ယောင်းရင်ထဲ အနည်းငယ်​တော့
ကြည်နူးမိပါသည်။ သူဒီလိုလုပ်တာမှန်မှာပါ​လေ။

အခုထိကိုသူတို့ကွာရှင်းထား​ကြောင်းကို
​ဂျောင်ဂုကမသိ​သေး​ပေ။ လွန်ခဲ့တဲ့ငါးနှစ်​ကျော်က
အချိန်​တွေကိုပြန်​ရောက်​နေ​​သော​ဂျောင်ဂုကို
အ​ကြောင်းစုံရှင်းပြ​ခဲ့တဲ့ ဂျွန်​ဂျောင်ဂုမိဘ​တွေဟာ
သူတို့ကွာရှင်း​ထားခဲ့တဲ့အရာကို​​တော့ ​ပြောမပြကြ။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Donde viven las historias. Descúbrelo ahora