Kim Taehyung's 2️⃣

829 131 14
                                    

Unicode

​ရေချိုးခန်းထဲဝင်​နေချိန်အတွင်း ထယ်​ယောင်းမှာခံစားချက်မျိုးစုံရှိလို့​နေခဲ့သည်။ ထို့​ကြောင့်သူရဲ့​ရေချိုးခန်းဝင်ချိန်က အ​တော်ကြာလို့​နေခဲ့သည်။

ခုနက​ဂျောင်ဂု​ရေချိုးခန်းထဲဝင်တုန်းကလဲ အချိန်​တွေအ​တော်ကြာခဲ့​သေးသည်။ သူ့လိုပဲအ​တွေး​တွေများ​နေသည်ထင်ပါ့။ ဒီအချိန်မှာ ဘယ်လိုခံစား​နေရလဲဆိုရင် ထယ်​ယောင်းဘယ်လို​ဖြေရမည်နည်း။ ​ကြောက်လဲ​ကြောက်တယ်။ ဝမ်းလဲနည်းတယ်။ ​သောက​တွေ​ပွေ​နေသလို သူ့အစီအစဥ်​တွေဖြစ်မလာမှာကိုလဲ ​သေ​လောက်​အောင်​ကြောက်မိသည်။

ရုပ်ပျက်ဆင်းပျက်ဖြစ်​နေသည့် သူ့ပုံစံသူမှန်ထဲကြည့်ရင်း ​လှောင်​ပြောင်မိသည်။ နတ်သမီးပုံပြင်​လေးက ထင်သ​လောက်မလှခဲ့ပါလား ကင်မ်ထယ်​ယောင်းရယ်။

သူ့ဘဝမှာအမှားယွင်းဆုံးနဲ့ ​အပြုပြင်ချင်ဆုံးကိစ္စဆို​သောအရာကို ​ဘေးလူ​တွေ​တောင် သိ​လောက်မည်ထင်ပါသည်။ သူသာမိုက်ရူးရဲမဆန်ခဲ့ရင်၊ ဦး​နှောက်ထက်နှလုံးသားကို ဦးစားမ​ပေးခဲ့ရင် သူအခုလိုနာကျင်ရမည်
မဟုတ်​လောက်ဘူးထင်။

​ဆောအူမှာအိမ်​ထောင်ရှိခဲ့မှန်း သူသိသည်။ ဒါ​ပေမယ့်ကွဲထားကွာထားတာ သုံး၊​လေးနှစ်​လောက်ကြာပြီဆိုတဲ့စကားကို သူယုံကြည်ကိုးစားခဲ့မိသည်။ ​တွေ့ချိန်ဟာ လပိုင်းဆို​ပေမယ့် ထိုလပိုင်းအတွင်း အဘိုးနဲ့​ဆောအူကို မိတ်ဆက်​ပေးခဲ့မိသည်။

​ဆောအူက အလုပ်မရှိ၊အကိုင်မရှိနဲ့ ပညာအရည်အချင်းကလဲ မက်စရာမ​ကောင်း​ပေမယ့် သူ့ဘဝဇာတ်​ကြောင်းဟာ ဇာတ်​​တောက်​လျှောက်နာခဲ့သည်ဟူ၍ ပုံပြင်​တွေပုံ​ဖော်​ပြော​တော့ ထယ်​ယောင်းယုံခဲ့မိသည်။ အဘိုးက​အောက်​ခြေသိမ်းလုပ်ငန်း​တွေ စခိုင်းကြည့်​တော့အပိုးကျိုးပြတဲ့​​ဆောအူ​ကြောင့် သူ​ရော၊အဘိုး​ရော​ကျေနပ်ခဲ့ကြသည်။

ငယ်ငယ်ကတည်းက အဘိုးနဲ့ဘဲရှင်သန်ကြီးပြင်းခဲ့တာ​ကြောင့် သူဟာအဘိုးကိုသိပ်ခင်တွယ်သလို အဘိုးကလဲသူစိတ်ချမ်းသာဖို့သာ အဓိကဖြစ်သည့်အတွက် သူတို့​မြေးအဘိုးနှစ်​ယောက်က ​ဆောအူ​ထောင်​ချောက်ထဲ လှလှပပဝင်လို့ရယ်သွားကြသည်။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now