Unicode
"ပြန်ရောက်လာပြီလား။ ဒီနေ့နင်ကြိုက်တဲ့ ဂဏန်းဟင်းချက်ထားတယ်။ "
သူ့ကိုလာကြိုရင်းနဲ့ပြောလာတဲ့ Sooyoung ကို ပြုံးရုံသာပြုံးပြခဲ့ပြီး အခန်းထဲဝင်လာလိုက်တယ်။ ဒီနေ့သူ့စိတ်တွေအရမ်းနောက်နေတယ်။
"နေမကောင်းဘူးလား။ နင့်ကြည့်ရတာတစ်ခုခု ဖြစ်နေသလိုပဲ။ သံပုရာရည်ဖျော်ပေးရမလား။"
"မဖျော်ပါနဲ့။ ဒီအတိုင်းခဏလောက်နားလိုက်ရင် ကောင်းသွားမှာပါ။"
"အဲ့ဒါဆိုငါထမင်းပြင်ထားလိုက်တော့မယ်နော်။ ရေချိုးပြီးရင်ထွက်လာခဲ့လိုက်။ "
"အင်း"
အခန်းထဲကနေထွက်သွားတဲ့ Sooyoung ရဲ့ပုံရိပ်ကို
ကြည့်ရင်း Jungkook သက်ပြင်းချမိသည်။ စတည်ဆောက်ကတည်းက အခြေမခိုင်ခဲ့တဲ့သူတို့ရဲ့အိမ်ထောင်ရေးက အခုဆို ယိုင်နဲ့နဲ့ဖြစ်ကာ ပြိုပျက်တော့မယ့်ပုံပေါက်နေပြီ။ ဒါပေမယ့်အခုလိုအခြေအနေမျိုးကို အပြုံးမပျက်ဘဲ ကြိုးစားပြီးနေနေတဲ့ Sooyoung ကိုသူအားနာမိသည်။သူ့အရိပ်အခြေကိုပဲတောက်လျှောက်ကြည့်နေတဲ့ Sooyoung ကြောင့် ဒီအိမ်ထောင်ရေးကို အတတ်နိုင်ဆုံးကြိုးစားထိန်းသိမ်းသွားမှာပေမယ့် သူ့ကြောင့်အမြဲဝမ်းနည်းနေပုံပေါ်တဲ့ Taehyung ကိုစဥ်းစားမိလိုက်တိုင်း သူ့ရင်တွေကွဲမတတ်ပင်။
အချိန်တွေကိုသာနောက်ပြန်လှည့်လို့ရရင် Sooyoung ကိုလက်ထပ်မယ့်အစား တခြားတစ်နည်းနဲ့စောင့်ရှောက်ပေးမိမှာ။ အခုအချိန်မှာတော့ အရာအားလုံးကအခါနှောင်းသွားခဲ့ပြီ။ ဘာမှလဲလုပ်လို့မရတော့။
သူ့ရင်ထဲကိုအချိန်တိုင်းစိုးမိုးထားနိုင်တဲ့လူသားက Kim Taehyung မဟုတ်ဘဲ Ha Sooyoung သာဆိုရင်သူတို့နှစ်ယောက်ကြားထဲမှာ ဘာအဖုအထစ်မှရှိမည်မဟုတ်ပါ။ တစ်သက်လုံးအချစ်ကိုရှာလို့မတွေ့နိုင်ဘူးလို့ ယူဆထားခဲ့ပေမယ်လဲ တကယ်တမ်းအချစ်ကိုတွေ့လဲတွေ့ရောမျက်စိရှေ့မှာမြင်နေရပေမယ့် ဆုပ်ကိုင်ထားနိုင်ခွင့်မရှိတော့ချေ။
YOU ARE READING
𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲
Fanfiction𝚃𝚊𝚎𝚔𝚘𝚘𝚔 [ 𝚂𝚑𝚘𝚛𝚝 𝚂𝚝𝚘𝚛𝚒𝚎𝚜 𝙲𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗] 𝙸𝚝 𝚒𝚜 𝚠𝚛𝚒𝚝𝚝𝚎𝚗 𝚏𝚘𝚛 𝚝𝚑𝚎 𝚙𝚛𝚎𝚌𝚒𝚘𝚞𝚜 𝚕𝚘𝚟𝚎 𝚋𝚎𝚝𝚠𝚎𝚎𝚗 𝚝𝚠𝚘 𝚕𝚘𝚟𝚎𝚛𝚜 𝚠𝚑𝚘 𝚊𝚛𝚎 𝚒𝚗 𝚕𝚘𝚟𝚎 𝚠𝚒𝚝𝚑 𝚝𝚛𝚞𝚎 𝚕𝚘𝚟𝚎. 𝙹𝚎𝚘𝚗 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 💜...