Unicode
"ဘွားဘွား ထယ်ထယ် လက်မထပ်ချင်ဘူးလို့။ ထယ်ထယ် ကမနှစ်ကမှ အထက်တန်းအောင်ထားတာကို။ လက်ထပ်ဖို့ အသက်ကငယ်ငယ်လေးပဲ ရှိသေးတယ်လေ။"
အသက် ၇၀ ကျော်အမျိုးသမီးကြီးတစ်ယောက်ရဲ့နားမှာ နှုတ်ခမ်းလေးဆူပြီး ပြောနေတဲ့အသက် ၂၀ အရွယ်ကောင်လေးတစ်ယောက်။ အရွယ်ရောက်ပြီးသား ကောင်လေးတစ်ယောက်ဆိုပေမယ့် ပြောဆိုနေတဲ့ပုံလေးက ကလေးလေးတစ်ယောက်လို။ သူတို့နှစ်ယောက်ရဲ့ ဘေးမှာတော့ ထိုကောင်လေးရဲ့အဒေါ်လင်မယားနဲ့ အစ်မဝမ်းကွဲတို့က ထိုင်နေကြသည်။
"အဘွားက အသက်ကြီးနေပြီလေ။ မသေခင်မှာ ငါ့မြေးလေးကို လူကောင်းတစ်ယောက်နဲ့ယူပြီး အေးအေးဆေးဆေးနေသွားတာကို မြင်ချင်တာပေါ့။ "
"အခုရော အေးအေးဆေးဆေးမနေရလို့လား။ထယ်ထယ့် မှာဘွားဘွားရှိတယ်။ ဒေါ်လေးနဲ့ ဦးငယ်ရှိတယ်။မမ မီမီရှိတယ်။ ဘာလိုသေးလို့လဲ။"
"ဟုတ်သားဘဲ အမေရယ်။ Taehyung ကငယ်ပါသေးတယ်။ သမီးတို့တွေလဲရှိနေတာကို တခြားတစ်ယောက်နဲ့ပေးစားမှ စိတ်အေးနိုင်မယ်ဆိုတာတော့ မဟုတ်သေးပါဘူး။ သမီးတို့က Taehyung ကိုသားအရင်းလိုစောင့်ရှောက်သလို Mihyung ကလဲ Taehyung ကိုမောင်အရင်းထက်တောင် ပိုပြီးချစ်သေးတာကို။ "
အဒေါ်ဖြစ်တဲ့သူက ဝင်ပြောတော့ Taehyung တစ်ယောက် အဘွားဆီကနေအဒေါ့်ဘေးနားကိုသွားကာ
"အဲ့ဒါပြောတာလေ။ ထယ်ထယ့်ကိုစောင့်ရှောက်မယ့်သူတွေ အဲ့လောက်များနေတာကို။ ဘာကိစ္စလက်ထပ်ပေးချင်ရတာလဲလို့။ "
"ဒီကိစ္စက ငါ့ဆန္ဒတစ်ခုတည်းမဟုတ်ဘူး။ သေသွားတဲ့မင်းမိဘတွေနဲ့လဲဆိုင်တယ်။ သူတို့ကမင်းအရွယ်ရောက်လာတဲ့အခါကျရင် Jeon မိသားစုကသားနဲ့လက်ထပ်ပေးမယ်ဆိုပြီး ပြောထားခဲ့ကြတာ။ အခုမြေးလဲ အရွယ်ရောက်ပြီဆိုတော့ လက်ထပ်ဖို့ ကိစ္စကိုစီစဥ်သင့်ပြီလေ။"
"အဲ့ဒါနဲ့ပဲ ထယ်ထယ်ကကိုယ့်ထက်အသက်အများကြီး ကြီးတဲ့လူကြီးနဲ့ယူရမှာလား။ ဒီလောက်အသက်အရွယ်ရောက်တာတောင် မိန်းမမရသေးဘူးဆိုတော့ အဲ့လူကြီးက ရုပ်ဆိုးနေလို့ ဒါမှမဟုတ် အကျင့်မကောင်းလို့ပဲနေမှာ။ "
YOU ARE READING
𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲
Fanfiction𝚃𝚊𝚎𝚔𝚘𝚘𝚔 [ 𝚂𝚑𝚘𝚛𝚝 𝚂𝚝𝚘𝚛𝚒𝚎𝚜 𝙲𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗] 𝙸𝚝 𝚒𝚜 𝚠𝚛𝚒𝚝𝚝𝚎𝚗 𝚏𝚘𝚛 𝚝𝚑𝚎 𝚙𝚛𝚎𝚌𝚒𝚘𝚞𝚜 𝚕𝚘𝚟𝚎 𝚋𝚎𝚝𝚠𝚎𝚎𝚗 𝚝𝚠𝚘 𝚕𝚘𝚟𝚎𝚛𝚜 𝚠𝚑𝚘 𝚊𝚛𝚎 𝚒𝚗 𝚕𝚘𝚟𝚎 𝚠𝚒𝚝𝚑 𝚝𝚛𝚞𝚎 𝚕𝚘𝚟𝚎. 𝙹𝚎𝚘𝚗 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 💜...