Our Dreams - 1

1.5K 177 19
                                    

𝐔𝐍𝐈𝐂𝐎𝐃𝐄

တိုးတိတ်လှတဲ့ ပတ်ဝန်းကျင်မှာထွက်​ပေါ်
​နေခဲ့တဲ့ ​သာယာတဲ့တေးသံတစ်ခု။
အဆင့်မြင့်ဟိုတယ်တစ်ခုရဲ့ ​အ​ပေါ်ဆုံးထပ်တစ်​နေရာက
​လေဟာပြင်တစ်ခုမှာ ဖန်တီးအလှဆင်လို့ထားခဲ့တဲ့
ပွဲအခမ်းအနား​သေး​သေး​လေး။
ပွဲရဲ့အဓိကဇာတ်​ဆောင်က နှစ်​ယောက်တည်းဆို​ပေမယ့်
သူတို့လိုအပ်တာ​တွေအတွက် ​ဘေးမှာအသင့်ရှိ​နေတဲ့
ဝန်ထမ်း ဆယ်ဂဏန်းက ပွဲရှင်နှစ်​ယောက်ရဲ့
ကြွယ်ဝမှုကို ​ဖော်ပြ​နေသလိုပင်။

​လေ​လေး​တွေက တဖြူးဖြူးတိုက်​နေသလို
​ခပ်​အေး​အေး​လေးနဲ့ ​နေလို့​ကောင်းတဲ့ရာသီဥတု
​လေးက ချစ်ဖို့​ကောင်းသည်။
​လေတိုက်သည့်ဒဏ်​ကြောင့် တလွင့်လွင့်ဝဲ​နေတဲ့
ဆံနွယ်အညို​ရောင်​လေး​တွေရယ်၊
ဖြူစွတ်​နေတာမျိုးမဟုတ်ဘဲနဲ့ကို ကြည်လင်​နေတဲ့
အသားအရည်​လေးရယ်၊ အသက်မပါသလိုလိုနဲ့
ခံစားချက်မရှိ​နေတဲ့မျက်ဝန်း​တွေက
အားငယ်​နေ​ပေမယ့် ​မျှော်လင့်ချက်ကြီးကြီးမားမား
တစ်ခုကိုလဲ ဆုပ်ကိုင်လို့ရယ်ထား​သေးသည်။
မဲ့ပြီးကြိုးစားမပြုံး​နေတဲ့ နှုတ်ခမ်းရဲရဲ​တွေကလဲ
တစ်မျိုးတစ်ဖုံဆွဲ​ဆောင်မှု ရှိလို့​နေ​သေးသည်။
ဘယ်လိုမှ စိတ်မချမ်းသာဘူးဆိုတာကို
မျက်နှာ​ပေါ်က လှပတဲ့အစိတ်အပိုင်း​တွေနဲ့
​ဖော်ပြလို့ထားသည့် ထယ်​ယောင်း။
တကယ်ဆို ဒီလိုအချိန်မှာ သူ​ပျော်​နေရမှာပင်။
အခု​တော့ အ​ကြောင်းပြချက်ရယ်လို့မရှိဘဲ
စိတ်ဆင်းရဲ​နေပုံ​ပေါက်​နေသည်မို့လို့
ထယ်​ယောင်းဟာ လက်ရှိပတ်ဝန်းကျင်နဲ့
ကာရံမညီလို့​နေခဲ့သည်။

"ဒါ ကိုယ့်ရဲ့လက်​ဆောင်။ ကိုယ်တို့မင်္ဂလာသက်တမ်း
ငါးနှစ်ပြည့်တဲ့ အထိမ်းအမှတ်အ​နေနဲ့ကိုယ်​ပေးတာ။"

သူ့​ရှေ့ကို​ရောက်လို့လာခဲ့တဲ့ ကတ္တီပါဘူး​လေးကို
ဖွင့်ကြည့်မိ​​တော့ စိန်နားကပ်တစ်စုံ။
အဖိုးထိုက်တန်တဲ့ပစ္စည်းဆို​ပေမယ့် ထယ်​ယောင်းအ​နေနဲ့
အဲ့လိုပစ္စည်းမျိုးကို တန်ဖိုးမထားပါ။
ဘယ်တုန်းကမှ အဲ့လိုအရာမျိုးကိုလိုချင်တယ်လို့
သူ​​တောင်းမှမ​​တောင်းဆိုဖူးဘဲ။ တခြားလူ​တွေငမ်းငမ်းတက်လိုချင်ကြသည့်အရာများက
သူ့အတွက်​တော့မလိုချင်ဘဲရလာသည့်အရာ​တွေသာ။
တခြားလူ​တွေရနိုင်တဲ့အရာမျိုးကိုကျ
သူ့မှာပိုင်ဆိုင်ခွင့်မရှိခဲ့။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Tempat cerita menjadi hidup. Temukan sekarang