Beauty and The Rabbit 2️⃣

2K 270 12
                                    

"​ဒေါက်... ​ဒေါက်...."

တံခါး​ခေါက်​နေတာ ​တော်​တော်ကြာ​နေ​ပေမယ့် ​အထဲက တော်​တော်နဲ့မတုံ့ပြန်တာ​ကြောင့် Jungkook စိတ်မကြည်သလို ဖြစ်သွား​ပေမယ့်အမြန်ဆုံး စိတ်ကိုပြန်လည်ပြင်ဆင်ရင်း တံ​ခါးကိုထပ်မံ​ခေါက်လိုက်​တော့မှ ပွင့်လာတဲ့တံခါးနဲ့အတူ ​ခေါင်း​လေးပြူကြည့်တဲ့ Taehyung ။

Taehyung က​တော့သူ့ကိုမြင်တာနဲ့ နည်းနည်းရှိန်​နေသလို ဖြစ်​နေပြန်တာ​ကြောင့်

"ကိုယ်မင်းနဲ့ ရင်းနှီးချင်လို့ ကိုယ့်ကိုခဏ​လောက်အထဲ​ပေးဝင်ပါလား။" 

"ဟုတ်"

မျက်လွှာ​လေးချကာ ​ပြောရင်းအထဲကိုဝင်သွားတဲ့​ပေါက်စ​လေးကို Jungkook အသည်းယားလှသည်။သူအထဲကို​ရောက်​တော့အရုပ်က​လေးကရှုပ်ပွ​နေတဲ့ သူ့ပစ္စည်းပစ္စယ​တွေကို ကြည့်​ကောင်း​အောင် အမြန်ရှင်း​နေသည်။

"ထားလိုက်ပါ။ ဘာကိုမှမရှင်းနဲ့။ ကိုယ်က​နေတတ်တယ်။"

Jungkook စကား​ကြောင့် Taehyung နည်းနည်း​​တော့အံ့ဩသွားတယ်။ ကြားထားရသ​လောက် Jeon Jungkook ကစည်းကမ်းကြီးတယ်လို့​သိထားတာ။ အခုသူ့ကိုတမင်အားနာလို့ အခုလို​ပြော​နေတာပဲဖြစ်ရမည်။

ကိုယ်နဲ့လက်ထပ်ရမယ့်သူကို အ​​ရှေ့မှာထားပြီး​နေ​နေရတာ​ကြောင့် Taehyung အ​နေခက်မိသည်။ Jeon Jungkook ဆိုတဲ့လူကြီးက သူခန့်မှန်းထားတာထက်အများကြီး ကြည့်​ကောင်း​နေတာ​ကြောင့်လဲပါသည်။ ဘာပဲဖြစ်ဖြစ် လက်ထပ်ရမယ့်သူဆိုတဲ့ အသိ​ကြောင့်ကိုယ့်ကိုယ်ကို တည်ငြိမ်တဲ့ပုံ​ပေါက်​အောင် လုပ်ယူ​နေရသည်။

"ဟို Coca Cola ​သောက်မလားဟင်။ ကျွန်​တော့်မှာတိုက်စရာဆိုလို့ အဲ့ဒါပဲရှိတယ်။"

​"ရပါတယ်ကွာ။ ကိုယ်ကမင်းကို​ပေးစရာရှိလို့လာခဲ့တာ။ မင်းကိုမင်းအမျိုး​တွေက ထယ်ထယ်လို့​ခေါ်ကြတာမလား။ ကိုယ်လဲအဲ့လိုပဲ ​ခေါ်လို့ရတယ်မလား။"

"အဲ့လို​ခေါ်တာက က​လေးမဆန်ဘူးလား။ ကျွန်​တော့်ကို သူတို့ကငယ်ငယ်​လေးထဲက အဲ့လို​ခေါ်ခဲ့ကြ​တော့ အကျင့်ပါ​နေလို့သာ အခုထိဆက်​ခေါ်​နေတာ။ ကျွန်​တော်က အခုအရွယ်​ရောက်​နေပြီဆို​တော့ အဲ့လို​ခေါ်တာကိုမကြိုက်ဘူး။"

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now