Realize ▪︎ 3 ▪︎

1.5K 226 15
                                    

Unicode

"ထယ်တို့အခု ဘယ်ကိုသွား​နေကြတာလဲဟင်။"

ကား​မောင်း​နေတဲ့ Jungkook ကိုလှမ်းဖက်ရင်း ​ပြော​နေသည့် Taehyung ။ သွားစရာရှိတယ်လို့ဆိုပြီး Jungkook ကသူ့ကို​​ခေါ်လာတဲ့ ​နေရာကိုလိုက်လာ​ပေမယ့် ဘယ်ကိုသွား​နေမှန်း မသိတာ​ကြောင့် ​ဘယ်သွားတာလဲဆိုတာ ​မေး​​နေ​ပေမယ့် ဘာမှပြန်မ​ပြောတဲ့ Jungkook ​ကြောင့်ဒီအတိုင်း​​လေးပဲ ငြိမ်​နေလိုက်မိ​တော့တယ်။ 

"​ရောက်ပြီ ထယ်"

တစ်​နေရာအ​ရောက် ကားကိုရပ်ကာ​ သူ့ကိုကား​ပေါ်က​နေဆင်း​စေသည့် Jungkook ​ကြောင့် Taehyung လဲဘာမှပြန်မ​ပြောဘဲ လိုက်သွားလိုက်သည်။ Jungkook ဦးတည်ပြီးသွား​နေတာက ပန်းချီပြခန်းလိုလို အ​ဆောက်အအုံတစ်ခုပင်။

"Jungkook ဒါကဘယ်​နေရာလဲဟင်။"

Jungkook က​တော့သူ့ကိုပြုံးပြပြီး

"ဒါက ဘယ်​နေရာလဲဆိုတာကို မ​ပြောခင် ထယ့်ကိုကိုယ်တစ်ခု​မေးခွန်းတစ်ခု​မေးချင်တယ်။ "

"​မေး​လေ။"

"ထယ်ဘာလို့ ပန်းချီကား​တွေကို ဝယ်ပြီးစုတာလဲ။"

Jungkook ရဲ့​မေးခွန်း​ကို Taehyung တန်းမ​ဖြေနိုင်။ သူ့မှာပန်းချီကား​တွေကို ဝယ်ပြီးစုတတ်တဲ့အကျင့်ရှိတာ​ကြောင့် Jungkook ကသူ့ကိုအခုလို​မေးလာခြင်းပင်။သူက ပန်းချီကား​တွေဝယ်စုတယ်ဆိုတာက ပန်းချီဝါသနာပါလွန်းလို့မဟုတ်။ ငယ်ငယ်ကတည်းက တန်ဖိုးကြီးတဲ့ ပန်းချီကား​တွေကို ဝယ်စုတတ်တဲ့ မိဘ​တွေကိုသ​ဘောကျခဲ့တာ​ကြောင့်​ရော၊ ဆယ်​ကျော်သက်အရွယ်​လောက်မှာကတည်းက စပြီးလုပ်ခဲ့တဲ့ဝါသနာ တစ်ခုဖြစ်​နေတာ​ကြောင့်​ရော အခုထိလုပ်​နေတာ။ ဒါ​တောင် Jungkook နဲ့လက်မထပ်ခင် သူတို့ဆင်းရဲ​နေတုန်းက ပန်းချီဝယ်စုတဲ့အလုပ်မျိုးကို မလုပ်ခဲ့ရ။

ဒီလိုလုပ်ရတာကို သ​ဘောကျရတဲ့အ​ကြောင်းက ပန်းချီပညာကိုစိတ်ဝင်စားတာထက် တန်ဖိုးကြီးပြီးလူအထင်ကြီးခံရတဲ့ ​ငွေဖြုန်းနည်းတစ်ခုဖြစ်​နေလို့ဆိုတဲ့ အ​ကြောင်းပြချက်က ပိုမှန်ကန်လိမ့်မည်ထင်တယ်။ ဒါ​ပေမယ့် Jungkook ကို​တော့စိတ်ထဲရှိတဲ့အတိုင်း ​ပြောလို့​ကောင်းတာ​ကြောင့် Jungkook ရဲ့လက်ကိုတွယ်ချိတ်လိုက်ပြီး

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now