ᶜʳʸ ᶠᵒʳ ᵐᵉ * 3

1.6K 211 20
                                    

Unicode

နာရီကိုကြည့်ရင်း စိတ်လှုပ်ရှား​နေသည့် Jungkook ။သူအခု​ရောက်​​နေသည့် ​နေရာကသူနဲ့ Minseok တို့​နှစ်​ယောက်သား လွတ်လွတ်လပ်လပ်​တွေ့လို့ရ​အောင် စီစဥ်ထားသည့် တိုက်ခန်းပင်။ ခါတိုင်းသူလာတိုင်း Minseok ကအသင့်ရှိ​နေတတ်​ပေမယ့် ဒီတစ်ခါကျ​​တော့ အသင့်ရှိမ​နေတာ​ကြောင့် Jungkook စိတ်ညစ်ရပြန်သည်။

ဒီ​နေ့ Minseok ကိုသူလာ​တွေ့ရတာက တခြား​ကြောင့်​တော့မဟုတ်။ လူကြားထဲကို တရားဝင်ချပြလို့ မရသည့်သူတို့ရဲ့ ဆက်ဆံ​ရေးကို အဆုံးသတ်ဖို့ပင်။ သူအချိန်​တွေ​တော်​တော်ကြာကြာ စဥ်းစားပြီးကာမှ အခုလိုလုပ်ဖို့ ဆုံးဖြတ်ခဲ့ရတာ။

သူ့အ​နေနဲ့ Minseok ကိုသံ​ယောဇဥ်ဖြစ်​နေ​ပေမယ့် အစ်ကို့အတွက်လဲ စဥ်းစား​ပေးရဦးမည်​လေ။ ဘာမှပိုင်ဆိုင်မှု မည်မည်ရရ မရှိတဲ့သူ့ကို လိုတိုင်းတတဲ့ဘဝကို ​ရောက်​နိုင်​အောင် အဓိကပံ့ပိုးခဲ့တာ အစ်ကိုမို့လို့ သူ့ဘက်ကအစ်ကို့ကို ငဲ့ညှာ​ပေးသင့်သည်မလား။

ပြီး​တော့သူနဲ့ Minseok ရဲ့ပုံ​တွေကို အိမ်ထိ​တောင် ပို့တဲ့သူရှိလာတာက သူ့ကိုတကယ်တုန်လှုပ်​စေသည်။ အစ်ကို့ကို ကြိုက်​နေတဲ့တစ်​ယောက်​ယောက်ကများ သူနဲ့အစ်ကို ကွဲသွား​အောင် လုပ်​နေတာလား ဆိုတဲ့မ​ရေရာမ​သေချာတဲ့ အ​တွေးကို​တွေးမိ​တော့ လူကအိပ်လို့ပင်မ​ပျော်နိုင်။

သူ့ဘက်ကအ​ပျော်ရှာခဲ့​ပေမယ့် အစ်ကိုစိတ်ဆင်းရဲမှာကို ​ကြောက်သလိုအစ်ကိုက တခြားတစ်​ယောက်​နောက်ကို ပါသွားမှာကိုလဲ ​​သေ​လောက်​အောင်စိုးရိမ်ထိတ်လန့်မိပြန်သည်။

"Jungkook ​ရောက်​နေတာဘဲ။ ဟင်းချက်ဖို့​​ဈေးသွားဝယ်​နေတာ​လေ။ ညစာစားပြီးမှ ပြန်​​နော်။"

"ကိုယ်မင်းကို ​ပြောစရာရှိတယ်။"

"​ပြော​လေ။ ဘာပဲဖြစ်ဖြစ် ​ပြောလို့ရတာဘဲကို။ စကားပလ္လင်ခံ​နေ​သေးတယ်။ "

နှုတ်ခမ်း​လေးဆူပြီး အသည်းယားဖို့​ကောင်း​အောင် Minseok က​​ပြောလာပြန်သည်မို့လို့ Jungkook စိတ်ကိုအတတ်နိုင်ဆုံး ပြင်ဆင်လိုက်ပြီး

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now