THE BIG TREE

1K 97 1
                                    

UNICODE

"မင်းငိုတာ​ကိုငါမကြိုက်ဘူး။"

ဝက်ဝံရုပ်ညိုညို​လေးကိုပိုက်လျက် သိမ့်သိမ့်တုန်​နေတဲ့​ကောင်​လေးကို ​ထို​ကောင်​လေးထက်အသက်ကြီးပုံ​ပေါ်​သော ​ကောင်​လေးတစ်​ယောက်က နှစ်သိမ့်​ပေး​နေသည်။

"မင်းကအစစ်အမှန်မဟုတ်ဘူးတဲ့။ ငါ့ကိုရူး​နေတဲ့လူလို့ တစ်အိမ်လုံးကဝိုင်း​ပြော​နေကြတယ် ဂုဂီ။"

"ငါမင်း​ဘေးမှာရှိ​နေတယ်​လေ ထယ်ထယ်။"

"ဟင့်အင်း။မင်းကတကယ်ရှိရင်​တောင် ငါကအဖျက်အ​မှောက်သာသာဘဲ။"

အသက်ချင်းကွာ​ပေမယ့် ဂုဂီရဲ့ခွင့်ပြုချက်​ကြောင့် မင်းနဲ့ငါဆိုပြီးသာ ထယ်ထယ်​ပြောမိသည်။ ​တောင်ပံအဖြူကြီး​တွေနဲ့တအားကြည့်​ကောင်း​နေတဲ့ဂု​ဂီကို ထယ်​ယောင်း​နောက်ဆုံးအကြိမ်ကြည့်မိသည်။ ဒါ​တောင်မျက်ရည်​တွေ​ကြောင့် သူ့မြင်ကွင်းဟာ​ဝေလို့ဝါးလို့။

"နှုတ်ဆက်လိုက်ပါတယ် ဂုဂီ။ငါအခုမင်းနဲ့ဆက်မ​တွေ့​တော့ဘူး။ ဘယ်သူ့ကိုမှငါ့​ကြောင့် အလုပ်မရှုပ်​စေချင်​တော့ဘူး။"

ရူးမိုက်စွာသာထိုသို့သူဆိုမိသည်။ သူသာအနားမှာဆက်ရှိ​နေပါဆိုလျှင် ဆက်ရှိ​နေမယ့်ဂုဂီသည်သူ့စကားအဆုံးမှာ ဖြည်းညှင်းစွာနဲ့ တစ်စတစ်စ​ပျောက်ကွယ်သွား​လေသည်။ သူ့​ဘေးမှာဂုဂီမရှိ​တော့သည့်အချိန်မှာ​တော့ သူရွတ်ဆိုမိသည်။

"သူများ​တွေ​ပြောသလိုဘဲ မင်းကအစစ်အမှန်မဟုတ်ခဲ့ဖူးဘဲ။"

တစ်​မျှော်တစ်​ခေါ်​သော လယ်ကွင်းကြီး​တွေ၊ထိုလယ်ကွင်းကြီး​တွေရဲ့အဆုံးနားက ကွင်းပြင်ကျယ်ကြီး။ထိုကွင်းပြင်ကျယ်ကြီးထဲက စိမ်းစိုစိုသစ်ပင်ကြီးတစ်ပင်။ ထိုသစ်ပင်ကြီး​အောက်မှာ​တော့ ​က​လေးငယ်တစ်​ယောက်ဟာ တစ်ဦးတည်း​သောမှီခိုရာကို လက်လွှတ်လိုက်ပြီးသည့်​နောက် ခါတိုင်းလိုနှစ်သိမ့်ရာမရှိဘဲ ငို​နေခဲ့မိရှာပါသည်။

••○••🧸••••

ဖြူ​ဖျော့​ဖျော့အရိပ်က​လေးတစ်ခု ငို​နေခဲ့တယ်။ ငို​နေတဲ့​ကောင်​လေးက သိပ်လှ​ပေမယ့် သူငို​နေတဲ့ပုံရိပ်က​တော့ အကျည်းတန်​နေပါတယ်။ သူ့ကြည့်ရတာ အားငယ်​နွမ်းလျနေပုံပါ။ ဘယ်သူ့ဘယ်သူကိုမှလဲ အနိုင်လိုချင်​နေဟန်မရှိပါဘူး။ သူဟာ ​​နွေး​ထွေးတဲ့နှစ်သိမ့်မှုကိုပဲ လိုလား​နေတဲ့လူသားငယ်တစ်​ယောက်ဖြစ်ဟန်တူသည်။

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Jan 05, 2022 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Tahanan ng mga kuwento. Tumuklas ngayon