🇧 🇺 🇹 🇹 🇪 🇷 🇫 🇱 🇾 

1.4K 152 3
                                    

𝐔𝐍𝐈𝐂𝐎𝐃𝐄

♪♪♪"........တိုးတိုး​လေး​ပြော​ပေးမလား။
နင်ကငါ့ကို နိုးထ​စေခဲ့တဲ့ Déjà Vu ဘဲ။
(Now, is it you now?)

ငါ့ဆီလာ​နေတဲ့အဲ့အရာကို သတိထား​နေမိတယ်။
အ​တောင်ပံ​တွေနဲ့ တံလျှပ်တစ်ခု​ပေါ့။
(How? Is it true now?)

ငါ့ကို​လေကပတ်ပတ်လည်ဝိုင်းထား​ပေးပြီး ​နွေး​အောင်လုပ်​ပေးတယ်။
အသစ်ပြန်ပြီး ​မွေးဖွားလာရသလိုမျိုးခံစားချက်နဲ့
ငါ့ကို ဖြည့်​ကြည့်ပေးတဲ့အကြည့် (You)

အဲ့ခံစားချက်က အိပ်မက်တစ်ခုအတိုင်းဘဲ။
ဒီအချိန်မှာ​တော့ အိပ်မက်​လေး​တွေကလက်​တွေ့
ဖြစ်လာသလိုဘဲ........." ♪♪♪

LOONA ရဲ့ BUTTERFLY ဆိုတဲ့သီချင်း​လေးကို နားကြပ်တပ်ကာ Taehyung နား​ထောင်​နေမိတယ်။ ဒီသီချင်း​လေးက သူအကြိုက်ဆုံးသီချင်း​တွေထဲက တစ်ပုဒ်ဘဲ။ ​ပြောရရင်​တော့ သူ့ခံစားချက်နဲ့တိုက်ဆိုင်တဲ့ သီချင်း​လေးတစ်ပုဒ်​ပေါ့။ သူ့ကိုနှစ်သိမ့်မှု​တွေလဲ ​ပေးနိုင်တယ်။

သူ့အ​နေနဲ့သီချင်းဆိုတဲ့အရာကို နား​ထောင်တဲ့ပုံစံက ရှင်းသည်။ သူ့ခံစားချက်နဲ့တိုက်ဆိုင်တဲ့ သီချင်းဆိုရင် သူကနား​​ထောင်တတ်တယ်​။ အမြဲတမ်းအကြိမ်ကြိမ်အခါခါကို ခံစားနားဆင်တတ်တယ်။

သူ့ခံစားချက်နဲ့ ထပ်တူညီတဲ့သီချင်းစာသား​တွေက သူ့ကိုနှစ်သိမ့်အား​ပေးရာအရာတစ်ခုဘဲ။ သူနဲ့တိုက်ဆိုင်တဲ့အ​ကြောင်းအရာ​တွေကလွဲလို့ သူ့ကိုနှစ်သိမ့်နိုင်တဲ့အရာရယ်လို့မရှိပါ။ ဘာလို့ဆိုသူဟာဘယ်လိုအရာကိုမှ ဆုပ်ကိုင်ထားနိုင်ခွင့်မရှိတဲ့လူတစ်​ယောက်မို့လို့​လေ။

ချစ်တဲ့သူကိုကအစ အ​ကြောင်းပြချက်မ​ပေးနိုင်ဘဲ လက်လွှတ်လိုက်ရတဲ့သူဟာ ဘယ်လိုအရာမျိုးကိုပဲဖြစ်ဖြစ် ပိုင်ဆိုင်ချင်စိတ်လဲမရှိ​တော့ပါ။

"ဘုရား​ကျောင်းကိုသွားဖို့အချိန်နီး​နေပြီ သား​လေးရဲ့။ ပြင်ဆင်ထားစရာရှိတာ ပြင်ဆင်​တော့​လေ။"

သူ့အနားကိုကပ်လာကာ နူးညံ့ညင်သာစွာ​ပြောလာသည့်အဘွား​ကြောင့် နားမှာတပ်ထားတဲ့နားကြပ်​လေးကို ဖြုတ်လိုက်ရင်း ​​​ခေါင်းငြိမ့်ပြမိသည်။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now