Kim Taehyung's 5️⃣ Final

1.5K 114 18
                                    

Unicode

​ခြေဖျားလက်ဖျား​တွေ​ထုံကျဥ်​နေ​အောင်​အေး​သော​ ​ဆောင်းမနက်ဖြစ်သည်။ အချိန်ကသိပ်မ​စော​တော့​ပေမယ့် ရာသီဥတုကအကြင်နာမဲ့​နေသည်။

အကျဥ်း​ထောင်ရဲ့တံခါးဝနားမှာ ​ဂျောင်ဂုနီးတူ​ဝေ့ဝဲလျက် သက်ဆိုင်ရာ၊ပတ်သတ်ရာလူ​တွေကို လာ​စောင့်​နေကြတဲ့ လူအချို့လဲရှိသည်။ လူ​တွေအများကြီးကို လွှတ်​ပေးတဲ့​နေ့မဟုတ်တာ​ကြောင့် စုအုံခဲ​နေတာမျိုး​​တော့မဖြစ်။

အယူရှိသည့်လူ​တွေက​တော့ ပဲပြားတုံး​လေး​တွေ​တောင် လက်ကကိုင်ထားကြ​သေးသည်​။ ​ဂျောင်ဂုက​တော့ လက်အိတ်​နွေး​နွေး​လေး​တွေကိုသာ သယ်​ဆောင်ဖြစ်ခဲ့ပါသည်။ ပဲပြားသုံးပြီး​​​နွေး​နွေး​လေး​သောက်လို့အဆင်​ပြေမယ့်ဟင်း​လေး​တွေကို​တော့ သူချက်ထားနှင့်ခဲ့သည်။

ဒီ​နေ့မှာလွတ်​မြောက်ခွင့်ရ​ခဲ့တဲ့​ကောင်​လေးကို အိမ်​ခေါ်သွားပြီး ပူပူ​နွေး​နွေးဟင်း​လေး​တွေ ကျွေးချင်မိသည့်အတွက်​ကြောင့်ဟင်း​လေး​တွေ ကြိုချက်ထားနှင့်သည်။ 

​ကောင်​လေးကသူနဲ့အတူ အိမ်ကိုလိုက်ချင်ပါ့မလား။ သူ့ကိုလိုက်ခွင့်မ​ပေးမှာကိုလဲ အနည်းငယ်​တော့စိတ်ထင့်မိသည်။ ဒီ​နေ့မှ​ဆောင်းကပို​အေးသလို သူကလဲ​တွေ့ရ​တော့မယ့်လူ​လေးကို ပိုမိုလွမ်းမိသ​ယောင်​ယောင်။

ရုပ်ရှင်​တွေထဲ၊ဇာတ်လမ်း​တွေထဲ ​ကြုံဖူး​နေကျဖြစ်ရပ်လိုမျိုး ထယ်​ယောင်းဆို​သောလူသားသည် သူလွတ်မယ့်ရက်မတိုင်ခင်ကတည်းက ထွက်သွားပြီးသူ့ကို​ရှောင်ပုန်းသွားတာမျိုး​တော့ လုပ်မလာ​လောက်ဘူးမလား။ ထိုသို့သာဖြစ်မည်ဆို သူရင်​တွေကွဲရဦးမှာ။

တကယ့်ကိုမတတ်နိုင်​တော့ပါဘူး။ သူဟာ ကင်မ်ထယ်​ယောင်းဆိုတဲ့​ယောက်ျားကို ရူး​လောက်​​အောင်ချစ်မိ​နေပြီး​နောက် ထိုလူသားနဲ့ပတ်သတ်ပြီး​တော့ အ​သေးစိတ်က​လေးကစ အထိအခိုက်မခံနိုင်​လောက်​အောင် ​ကြေကွဲထိခိုက်လွယ်လွန်း​နေသည်။

သူ​လောဘကြီးတယ်ပဲဆိုဆို အချိန်တစ်ခုစာ​စောင့်ခဲ့ရသူပီပီ ဒီ​နေ့​တော့ချစ်ရတဲ့လူသား​လေး​ဘေး အချိန်အတိုင်းအတာတစ်ခုတိုင်​အောင် ရှိ​နေ​​ချင်မိသည်။ တကယ်တမ်း​တွေး​တွေးကြည့်ရင် သူကသိပ်ပြီး​တော့လဲ ထယ်​ယောင်းဆို​သော ဖြစ်တည်မှုကိုအ​ထောက်အပံ့​ပေးနိုင်ခဲ့သည်မဟုတ်ပါ။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Tahanan ng mga kuwento. Tumuklas ngayon