Cᴏɴғᴜsɪᴏɴs Oғ Sɪᴍᴘʟᴇ ʟᴏᴠᴇ : Fɪɴᴀʟ

1.5K 190 4
                                    

Unicode

"နင်ဘာလို့အခုလိုလုပ်လိုက်တာလဲ။ ထယ်ကနင့်ကို အမြင်မကြည်ဘူးဆိုတာ မသိဘူးလား။ အခုလို​ပြောလိုက်​တော့ ထယ်ကငါ့ကိုအထင်လွဲ​တော့မှာဘဲ။ "

ကား​​​​မောင်းရင်းနဲ့ တဗျစ်​တောက်​တောက်​ပြော​နေသည့် Jungkook ။ ​ဘေးနားက Haeyeon ကဘာမှပြန်မ​ပြောဘဲ ​ခေါင်းငုံ့ထားပြန်သည်။ ဒီလုပ်ရပ်နဲ့ပတ်သတ်ပြီး သူ့ကိုယ်သူအပြစ်ရှိသလို ခံစားမိတဲ့အပြင် Jungkook ဆီကဆူတာကို ခံ​နေရလို့ စိတ်မ​ကောင်းဖြစ်မိတာ​ကြောင့်ပင်။ သူငယ်ချင်းဆို​ပေမယ့် Jungkook ကသူ့အ​ပေါ်အများကြီး ​ကျေးဇူးရှိခဲ့တာမို့လို့ သူ​ကြောက်ရသည်​လေ။

"ထယ်ကမူး​နေတယ်တဲ့။ စိတ်ဆိုးပြီးတစ်ခုခုလုပ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ သူ့သူငယ်ချင်း Minhee ကလဲ ဘယ်ထွက်သွားမှန်းမသိလိုက်ဘူးတဲ့။ ငါ​တော့စိတ်ပူလို့​သေ​တော့မှာဘဲ။ ထယ်ကအခုထိ က​လေးစိတ်​ပျောက်ချင်​သေးတာမဟုတ်ဘူး။ "

နှုတ်ကထွက်​နေတဲ့ Jungkook ရဲ့စကား​တွေက အစစ်အမှန်​တွေဖြစ်​နေတာ​ကြောင့် Haeyeon ပိုဝမ်းနည်းရပါသည်။ ဒါ​တွေအားလုံးက သူ့​ကြောင့်ဖြစ်ရငည်မဟုတ်လား။ Taehyung ကသူနဲ့ပတ်သတ်ရင် ခံစားချက်လွယ်ပြီး အထိမခံ၊အ​ပြောမခံဖြစ်တတ်တာကို သိရက်နဲ့ Taehyung ​ဖုန်း​ခေါ်လာတာကို ကိုင်လိုက်မိသည်မဟုတ်ပါလား။

တကယ်တမ်းကျ Jungkook ဆီဖုန်းဆက်တာ တန်းမကိုင်ဘူးဆိုတဲ့ အ​ကြောင်းပြချက်နဲ့ Taehyung  စိတ်ဆိုးသွားမှာကို စိုးရိမ်မိတာ​ကြောင့် ဖုန်းကိုင်လိုက်မိတာပင်။

ဒီ​နေ့စား​သောက်ဆိုင်တစ်ခုမှာ နိုင်ငံခြားက အကျိုးတူပူး​ပေါင်းမယ့် စီးပွား​ရေးသမား​တွေနဲ့ ​​Jungkook ကဆွေး​နွေးခဲ့ရသလို သူကလဲအတွင်း​ရေးမှူးဖြစ်​နေတာ​ကြောင့် Jungkook နဲ့အတူလိုက်သွားခဲ့ရသည်။ တစ်ဖက်က လုပ်ငန်းရှင်​တွေက ပြန်သွားတဲ့အချိန်မှာ သန့်စင်ခန်းခဏသွားချင်တယ်ဆိုပြီး Jungkook ကဖုန်းကိုထားပြီး ထွက်သွားတဲ့အချိန်မှာ Taehyung ဆီက ဖုန်းဝင်လာခဲ့တာပင်။

သူ့ဘက်က​တော့ အ​ကောင်းဆုံးဖြစ်မယ်ထင်တာကို ​တွေးပြီး လုပ်ခဲ့​ပေမယ့် အ​ခြေအ​နေ​တွေက ဆိုးရွားသွားခဲ့သည်။ Jungkook ကသန့်စင်ခန်းထဲက​နေ ပြန်ထွက်လာ​တော့ Taehyung သူငယ်ချင်း​ကောင်မ​လေး ဖုန်းဆက်ပြီး သူ့အသံကြား​တော့ ဖုန်းချသွားတဲ့အ​ကြောင်းကို အမှန်အတိုင်းပင် ​ပြောလိုက်သည်။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now