ᵗⁱᵐᵉ ᶠᵒʳ ᵗʰᵉ ᵐᵒᵒⁿ ⁿⁱᵍʰᵗ- ᶠⁱⁿᵃˡ

1.3K 166 8
                                    

Unicode

အခန်းထဲကိုစဝင်လိုက်တဲ့အချိန်မှာ ခါတိုင်းနဲ့မတူဘဲ ရှင်းလင်းကာတိတ်ဆိတ်​နေသည်မို့လို့ Taehyung ရှိမ​နေဘူးများလားလို့​ Jungkook ​တွေးလိုက်မိသည်။ တဖြည်းဖြည်းနဲ့ အရင်အချိန်​တွေတုန်းကလိုရင်းနှီးလာကြတဲ့ သူတို့နှစ်​ယောက်ရဲ့ဆက်ဆံ​ရေးက မိတ်​ဆွေအဆင့်ထက်​တော့ အနည်းငယ်ပိုလာ​တော့သည်။

အမှတ်မရှိဘူးပဲ​ပြော​ပြော အခု​နောက်ပိုင်း​ပြောင်းလဲသွားတဲ့ Taehyung ရဲ့အပြစ်ကင်းတဲ့ဟန်ပန်အမူအရာ​လေး​တွေက သူ့ကိုပြန်ပြီးရင်ခုန်လာ​​အောင်လုပ်နိုင်ခဲ့သည်။ ဒါ​ပေမယ့်သူက အလှည့်စားခံဖူးသည့်လူတစ်​ယောက်ဖြစ်သည်မို့ Taehyung ရဲ့​ပြောင်းလဲမှုကို အပြည့်အဝမယုံကြည်ရဲ​သေး​ပေ။

Taehyung နဲ့ပြန်အဆက်အသွယ်လုပ်မိတဲ့အချိန်မှ သိလာရတာက Taehyung ကသူ့အိမ်မှာသူမ​နေဘဲ သူပိုင်တဲ့ကွန်ဒိုတစ်ခုမှာ ​ပြောင်း​နေတယ်ဆိုတာကိုပင်။ အစပိုင်းက​တော့ညာဖြစ်လို့လဲဆိုတာ သူ့ကိုအ​သေအချာ​ပြောမပြ​ပေမယ့် ​နောက်ပိုင်းကျ Taehyung ကရင်ဖွင့်လာခဲ့သည်။

သူ့အ​ဖေလို့ တစ်သက်လုံးမှတ်ယူလာခဲ့တဲ့သူက သူ့အ​ဖေမဟုတ်ဘူးဆိုတာ သိလိုက်ရပြီးတဲ့​နောက် အဲ့အိမ်မှာ​နေချင်စိတ်မရှိ​တော့သည့် Taehyung ဟာအ​မေ့အ​ငွေ့အသက်​တွေရှိ​နေတဲ့​နေရာမို့ ထွက်မသွားချင်​ပေမယ့် သူ့အ​ဖေနဲ့ကျန်နှစ်​ယောက်ကို နှင်လွှတ်လို့မရမှန်းသိတာ​ကြောင့် သူ့အ​မေရဲ့ပစ္စည်း​လေး​တွေကိုသယ်ကာ လက်ရှိ​နေ​နေတဲ့ ကွန်ဒိုကို​ပြောင်းလိုက်​တော့သည်။

အဲ့အကြံက တကယ်လဲ​ကောင်းပါသည်။ မ​တွေ့ချင်တဲ့သူ​တွေနဲ့​နေတာထက်စာရင် တစ်​ယောက်တည်း​နေ​နေရတာက သူ့အတွက်အများကြီးစိတ်သက်သာရာရ​စေသည်ဟု Taehyung က​ပြောလာသည်။ ပြီး​တော့ Jungkook ကိုလဲသူ့ဆီလာလည်ဖို့ မကြာမကြာဖိတ်တတ်​သေးသည်။

တစ်​ယောက်တည်း​တောက်​လျှောက်​နေ​နေရတာက ​ကောင်း​ပေမယ့်လဲ တစ်ခါတစ်ခါကျ အ​ဖော်အ​ပေါင်းနဲ့အတူရှိချင်သည့် Taehyung ရဲ့ဖိတ်​ခေါ်မှုကို Jungkook မငြင်းမိ။ သူကိုယ်တိုင် Taehyung ဆီသွားလည်​နေရတာကို နှစ်သက်သည်မလား။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now