TREE [part-1]

14.3K 477 11
                                    

လေ​လေး​တွေတဖြူးဖြူးတိုက်​​နေတဲ့ ​တောင်တန်းတစ်​နေရာ။ ​​တောင်တန်းတစ်​လျှောက်လုံး သစ်ပင်​တွေကစိမ်းလို့စိုလို့။ တောင်​ပေါ်မြို့​လေးတစ်မြို့ဖြစ်တာနဲ့အညီ အမြဲတမ်းလိုလိုချမ်းစိမ့်စိမ့်ဖြစ်​နေတတ်တဲ့ ရာသီဥတု​လေးကို Taehyung အရမ်းသ​ဘောကျသည်။

မျက်နှာကိုတိုက်ခိုက်​နေတဲ့ ​လေ​​​တွေကိုခံစားရင်း သဘာဝရဲ့အလှတရား​တွေကိုကြည့်နေမိတယ်။ သူကသစ်ပင်​တွေကို အရမ်းချစ်တာ။ သစ်ပင်​တွေ​က အရိပ်​ကို​ပေးတယ်။ အသုံးဝင်တဲ့အရာ​တွေအများကြီးကိုလဲ​ပေးတယ်။ ပြီး​တော့သစ်ပင်​တွေကိုကြည့်ရရင် လူကအလိုလိုစိတ်ချမ်းသာမိလို့​​လေ။

လေ​တွေကတဖြူးဖြးတိုက်လာတဲ့အချိန် မျက်လုံးကိုမှိတ်လိုက်ကာ သန့်ရှင်းတဲ့​လေထုကိုတဝကြီးရှူရှိုက်လိုက်တယ်။ အနားမှာရှိတဲ့ သစ်ပင်​တွေကသန့်စင်​ပေးထားတာ​ကြောင့် ​လေ​တွေကလတ်ဆတ်​နေတယ်။ အဲ့လိုအချက်​တွေ​ကြောင့် သစ်ပင်​တွေကိုအရမ်းချစ်တာ။ သစ်ပင်​တွေကသူ့အတွက်အရာရာဘဲ။

🌳Tree🌳

Jungkook တစ်​ယောက်အိပ်ယာကနိုး​တော့ မနက် ၇ နာရီ။​အောက်ထပ်ကိုဆင်းကာ အိမ်ကအလုပ်သမားတွေပြင်​ပေးထားတဲ့ မနက်စာကိုစားရင်းနဲ့ ထယ့်ကို​စောင့်​နေမိတယ်။ ​​တော်​တော်ကြာတဲ့အထိ ထယ်ကဆင်းမလာတာ​ကြောင့် အ​ဒေါ်ကြီးတစ်​ယောက်ကို

"အ​ဒေါ်ကြီး ထယ် အဲ​လေ ကိုကိုကမနိုး​သေးဘူးလား။"

သူ့စကား​ကြောင့်အ​​ဒေါ်ကြီးက ပြုံးကာ

"သခင်​လေးက​တော့ မနက်မိုးလင်းတာနဲ့ သူ့အစ်ကိုကို တန်းရှာ​တော့တာဘဲ။ ဒီ​နေ့ကသခင်မကြီးဆုံးတာ ၁၀နှစ်ပြည့်တဲ့​နေ့​လေ။ သခင်ကြီးက သခင်မကြီးရဲ့အုတ်ဂူမှာရှိ​နေမှာ​ပေါ့။"

"အာ ဟုတ်သားဘဲ။ဒီ​နေ့က ​မေ​မေကြီးဆုံးတာ ၁၀ နှစ်​တောင်ပြည့်တဲ့​နေ့ဘဲ။ ကျွန်​တော်သတိမထားမိလိုက်ဘူး။"

"သခင်​လေးက သခင်မကြီးနဲ့ ​သေ​​သေချာချာ​တောင်မ​တွေ့လိုက်ရဘူးမလား။ ဘယ်လိုလုပ်ပြီးသတိရပါ့မလဲ။ဒါနဲ့အခုမှ သတိရတယ်။သခင်ကြီးက အင်္ကျီပါးပါး​လေးပဲဝတ်သွားတယ်နဲ့တူတယ်။ ​​အရင်တစ်ခါဖျားထားတာက သိပ်သက်သာတာမဟုတ်​သေးဘူး။ ဒီအတိုင်းဆိုထပ်ပြီးနေမ​ကောင်းဖြစ်လိမ့်မယ်။ "

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now