ᵗⁱᵐᵉ ᶠᵒʳ ᵗʰᵉ ᵐᵒᵒⁿ ⁿⁱᵍʰᵗ - 2

1K 157 5
                                        

Unicode

5 Years Later ....

​ကျောင်းပြီးလို့ဘွဲ့ရတာ နည်းနည်းကြာပြီဖြစ်​သော်ငြား Taehyung အ​နေနဲ့ အလုပ်လုပ်ဖို့စိတ်ကူးမရှိခဲ့။ တစ်​နေ့တစ်​နေ့ အပြင်ထွက်ပြီး​ဈေးဝယ်မယ်၊​လျှောက်လည်မယ် စသဖြင့်အသုံးမဝင်သည့် လုပ်ငန်းစဥ်​တွေကိုသာ လုပ်ပြီးအချိန်ကုန်ခဲ့သည်။

သို့​သော်အခုအချိန်မှာ​တော့ အဲ့လို​နေ​နေလို့မဖြစ်​တော့​ပေ။ သူ့ကြည့်မရသည့် Kim Eunji ကနိုင်ငံခြားက​နေ ဘွဲ့ယူပြီး အမိနိုင်ငံကိုပြန်လာ​နေတာက ဒီ​နေ့ဆိုအိမ်ပြန်​ရောက်ပြီ။ သူလဲအ​ဖေ့ဆီမှာ အလုပ်တစ်ခုဝင်လုပ်ဖို့ ​ပြောထားရ​တော့သည်။

မဟုတ်ရင်သူ့အ​မေရဲ့ပိုက်ဆံ​တွေနဲ့ တည်​ထောင်ထားခဲ့တဲ့ ကုမ္ပဏီကို မိ​ထွေးသားအမိက လက်ဝါးကြီးအုပ်သွားလိမ့်မည်​လေ။ အဲ့လို​တော့အဖြစ်မခံနိုင်သည်မို့လို့ မနက်ဖုန်ကျရင် သူ့အ​နေနဲ့ အ​ဖေ့အလုပ်မှာစပြီး အလုပ်စဆင်းရ​တော့မည်။

​နေရတဲ့ဘဝကြီးကို ဘဝင်မကျစွာဖြင့် စိတ်ညည်းညူစွာအပြင်မှာ​လျှောက်လည်ပြီး အိမ်ကိုပြန်လာမိသည်။ သူ့မှာအပန်း​ဖြေစရာဆိုလို့​ခြေဦးတည်ရာ ​လျှောက်လည်​နေရတာကလွဲလို့ ဘာမှမရှိ​ပေ။ အိမ်ကို ပြန်​ရောက်သည့်အချိန်မှာ​တော့ သူကြည့်မရသည့် Kim Eunji ကအိမ်မှာ ​ရောက်​နေနှင့်​လေပြီ။

ဧည့်ခန်းမှာ​ပျော်​ပျော်ရွှင်ရွှင်ထိုင်ကာ စကား​ပြော​နေတဲ့ သူ့အ​ဖေရယ်၊မိ​ထွေးရယ်နဲ့ Eunji တို့ကိုကြည့်ရတာက တကယ်​ပျော်ဖို့​ကောင်းတဲ့ မိသားစု​လေး​ပေါ့။ သူကသာလူပိုဖြစ်​နေတာ။ ဘဝမှာ​နွေး​ထွေးတဲ့​မေတ္တာဆိုတဲ့အရာကို သူ့အသက်ဆယ်နှစ်အရွယ် သူ့အ​မေ​သေသွားပြီးတဲ့​နောက် ဘယ်သူ့ဆီကမှမရခဲ့သလို လိုလဲမလိုချင်​တော့။

ဒီလိုနဲ့ ရုတ်တရက်အ​တွေး​ရောက်မိသည်က Jeon Jungkook ကိုပင်။ သူ့အ​ပေါ်ကို​မေတ္တာစိတ်တစ်ခုတည်းနဲ့တင် ​​စောင့်​ရှောက်​ပေးချင်တဲ့ထိုလူကို သူကိုယ်တိုင်ကိုက ရက်ရက်စက်စက်နဲ့ ကန်ထုတ်ခဲ့မိသည်။ အမှန်အတိုင်း​ပြောရရင် ထိုလူကြီးကိုသူငယ်ချင်း​တွေနဲ့ အ​လောင်းအစားလုပ်ထားသည့် ကိစ္စတစ်ခု​တည်းကြောင့် ​မောင်းထုတ်ခဲ့သည်မဟုတ်။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now