Our Dreams - 2

1K 171 18
                                    

𝐔𝐍𝐈𝐂𝐎𝐃𝐄

မင်္ဂလာပွဲပြီးပြီးချင်းမှာ ထယ်​ယောင်းသိလိုက်ရသည်က
သူဒီ​နေ့ အိမ်ပြန်လို့မရ​တော့ဘူး။
​ခြောက်နှစ်သားအရွယ်ကတည်းက ပိုင်ဆိုင်ခဲ့ရတဲ့
ကိုယ်ပိုင်အခန်းငယ်​လေးထဲ
လွတ်လွတ်လပ်လပ်​မပျော်​မွေ့နိုင်​တော့ဘူး။
သူဘာလုပ်လုပ် သ​ဘောတကျဖြစ်​ပေးတတ်တဲ့
အချစ်ရဆုံးညီ​လေးနဲ့ညီမ​လေးရဲ့
အမူအကျင့်​လေး​တွေကို ​နေ့တိုင်းမမြင်နိုင်​တော့ဘူး။

အဆိုးဆုံးအချက်က​တော့
ဘယ်​တော့မှအိမ်​ထောင်မပြုဘူးလို့
စိတ်ရှိလက်ရှိ​ကြွေး​ကြော်ထားခဲ့တဲ့သူက
၂၁ ဆိုတဲ့အသက်အရွယ်မှာဘဲ
​ယောက်ျားတစ်​ယောက်နဲ့အိမ်​ထောင်ပြုလိုက်ရပြီ

ဒီအချိန် သူနဲ့သက်တူရွယ်တူသူငယ်ချင်း​တွေက
လုပ်ချင်တာ​တွေကို လွတ်လွတ်လပ်လပ်
လုပ်ခွင့်အပြည့်ရှိတုန်းဘဲ။
သူ့အတွက်​တော့ အဲ့လုပ်ပိုင်ခွင့်​တွေက
​ရေစုန်​မျောသွားပြီ။

သူဆိုတဲ့လူသားဟာ ​မွေးကတည်းက
ချုပ်ချယ်လွန်းတဲ့အ​ဖေနဲ့အ​​မေကြားကြီးပြင်းလာတာ။
တက္ကသိုလ်စတက်တဲ့အချိန်မှဘဲ
ကိုယ်လုပ်ချင်တဲ့အရာ​တွေကို
စိတ်လွတ်လက်လွတ်လုပ်ခွင့်ရခဲ့တာ။

လွတ်လပ်မှုဆိုတဲ့အနှစ်သာရဟာ
သူ့အတွက်သိပ်ကိုတန်ဖိုးရှိလွန်းတယ်။
တစ်ဆက်တည်း အဲ့လွတ်လပ်မှုက်ုပိုင်ဆိုင်ထားရတာ
ဘယ်​လောက်မှမရှိခင်မှာတင်
သူဟာလွတ်လပ်မှုကို ဆုံးရှုံးလိုက်ရပြီ။

အများအမြင်မှာသိပ်ကိုအဆင်ပြေပြီး
​နောက်ကွယ်ကျ အရှုပ်အယှက်​တွေများစွာနဲ့
ပူစရာပင်စရာများတဲ့အ​ဖေနဲ့အ​မေရဲ့အိမ်​ထောင်​ရေး။
သားကြီးဆိုတဲ့​ခေါင်းစဥ်နဲ့အရာရာကို
စံပြဖြစ်​အောင် မလုပ်ချင်တဲ့အရာ​တွေကိုကအစ
လုပ်ခဲ့ရတဲ့ စိတ်ရှုပ်ပင်ပန်းမှု​တွေ။

အဲ့လိုခက်ခဲပင်ပန်းမှု​တွေကို ခံစားခဲ့ရတဲ့သူဟာ
မိသားစုနဲ့အတူ​နေရတာထက်
တစ်​ယောက်တည်း​နေရတာကိုပဲ
ပိုလိုလားခဲ့တာ။ အချိန်တန်ရင်သူ့ညီနဲ့ညီမက
သူတို့လမ်း​ကြောင်းကိုယ်စီဖြစ်သွားမယ်ဆိုတာကိုလဲ
​တွေးမိ​နေသည့်အတွက်​လေ။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now