𝐏𝐀𝐍𝐎𝐑𝐀𝐌𝐀

1.6K 211 14
                                    

Unicode

"အချိန်ကာ​လ အပိုင်းအခြား​တွေရှိ​နေပြီး နှစ်ယောက်သား ဝေးကွာ​နေတဲ့ အ​ခြေအ​နေမျိုးမှာ​တောင် တစ်​ယောက်ကိုတစ်​ယောက် ​မျှော်​တွေးမိတဲ့ နှလုံးသား​တွေ​ကြောင့် ကိုယ်တို့ရဲ့အချစ်​တွေဟာ အမြဲတမ်းရှင်သန်​နေပါလိမ့်မယ်။ "

𝐏 𝐀 𝐍 𝐎 𝐑 𝐀 𝐌 𝐀

Taehyung ဟာအသက် ၁၆ နှစ်အရွယ် ​ကောင်​လေးတစ်​ယောက်ဖြစ်သည်။ သူ့ဘဝကို သာမန်က​လေး​တွေ ရှင်သန်ကြီးပြင်း​နေကြပုံစံအတိုင်းပင် ကြီးပြင်းခဲ့ရသည်။ သူတို့မိသားစုက အရင်တုန်းက​တော့ အလယ်အလတ်တန်း မိသားစု​တွေဆို​ပေမယ့် သူအရွယ်​ရောက်လာတာနဲ့အမျှ တဖြည်းဖြည်းဆုတ်ယုတ်လာခဲ့သည်။

အရင်က​တော့ အ​ဖေကကုမ္ပဏီတစ်ခုက လစာ​ကောင်းတဲ့ဝန်ထမ်းတစ်ဦးဆို​ပေမယ့် အ​ဖေ့ကိုသူ့အလုပ်ကဖြုတ်လိုက်တဲ့ အချိန်မှာ​တော့ သူတို့ဘဝက မုန်တိုင်းစဝင်လာခဲ့သည်။ ဘာမှအပြစ်မရှိဘဲ အ​ဖေကအလုပ်အဖြုတ်ခံလိုက်ရတဲ့အတွက် အ​မေက​တောက်​လျှောက် အပြစ်​တွေ​ပြော၊ဆို​နေခဲ့သလို အ​ဖေကလဲအရက်​တွေလှိမ့်​သောက်ကာ သူတို့မိသားစုရဲ့ အဓိကဝင်​ငွေ​ပေါက်က ပိတ်လုနီးပါးဖြစ်လာခဲ့သည်။

အစ်မအကြီးဆုံးက ​ငွေရှာနိုင်တဲ့အရွယ်​ရောက်​နေ​ပေမယ့် တစ်​နေ့တစ်​နေ့ သုံးဖို့ဖြုန်းဖို့ကိုသာ အာရုံ​ရောက်ပြီး အလုပ်မရှာတာမို့လို့ အ​ကြွေး​တွေစဝင်လာခဲ့သည်။ အစ်မက သာမန်တက္ကသိုလ်က​နေ ဘွဲ့ရထားတာမို့လို့ အလုပ်ရဖို့မလွယ်သလို လစာကိုလဲအများကြီးရမှ လုပ်မယ်လို့​ချေးများ​နေတာ​​ကြောင့် သူတို့မိသားစုရဲ့ဘဝက ယိုင်နဲ့လာသည်။ အ​မေ့ရဲ့​တောက်တိုမယ်ရ အလုပ်​တွေက​နေရလာတဲ့ ​ငွေကလွဲလို့သူတို့မိသားစုမှာ ဘာဝင်​ငွေမှမရှိဘူး​လေ။

သူနဲ့သူ့ညီမ​လေးက ဘာမှမလုပ်နိုင်​သေးတဲ့ အသက်အရွယ်ဖြစ်တာ​ကြောင့် တစ်​နေ့​တစ်​နေ့ လူကြီး​တွေစိတ်ညစ်လာတိုင်း အဆူခံ၊အဆဲခံဘဝနဲ့သာ ​နေ​နေကြသည်။

သူ့အသက်အရွယ်နဲ့ဆို ဘယ်သူကအလုပ်​​ပေးမလဲ မသိ​ပေမယ့် Taehyung အလုပ်လုပ်ချင်မိပါသည်။ အချိန်ပိုင်းအလုပ်​တွေ တတ်စွမ်းသ​လောက်ဝင်လုပ်ကြည့်ပြန်​တော့လဲ မလုပ်ခိုင်းပြန်သည့် မိဘ​တွေ​ကြောင့် သူစိတ်ညစ်မိတာအမှန်။ လူကြီး​တွေက ခက်သည်။ သူတို့ကိုယ်တိုင်လဲ ဘာမှမလုပ်ဘဲ သူ့ကိုဘာမှမလုပ်ခိုင်း။ ဒီအ​ခြေအ​နေအတိုင်း သူတို့မိသားစုကြီးက ဆက်ရပ်တည်လို့မှမရတာ။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now