Unicode
Taehyung အိပ်ယာကနိုးလာတော့ ထုံးစံအတိုင်းဘေးဘက်ကို စမ်းကြည့်မိသည်။ ပြောင်းလဲခြင်းမရှိတဲ့ ဘေးဘက်ကလစ်ဟာနေတဲ့ Jungkook ရဲ့နေရာက သူ့ကိုဆီးကြိုနေတာကြောင့် ဒီတစ်နေ့တာကိုလဲ ခါတိုင်းလိုပဲ အသက်မဲ့စွာ ဖြတ်သန်းရလိမ့်ဦးမည်။
ကြာပြီပေါ့။ မနက်မိုးလင်းတိုင်း သူ့ကိုအရင်လိုထွေးပိုက်ပေးထားတဲ့သူက သူ့နားမှာရှိမနေပေးခဲ့တာ။ Jaehyun နဲ့ပတ်သတ်တဲ့ကိစ္စဖြစ်ပြီးသွားကတည်းက Jungkook ကသူနဲ့တစ်ခန်းတည်းမအိပ်ဘဲ အခန်းခွဲနေခဲ့တာ သုံးလနီးပါးလောက်ရှိပြီ။ ပြခန်းကိုလဲပိတ်ပစ်လိုက်သလို သူ့ကိုအိမ်ထဲကနေအိမ်ပြင်ကိုလဲ ပေးမထွက်တော့။ထွက်ချင်တယ်ဆိုရင်လဲ အစောင့်ပါမှထွက်ခွင့်ရသည်။
ဖြစ်ပျက်ခဲ့တာတွေကို ရှင်းပြနိုင်ဖို့နေနေသာသာ Jungkook ရဲ့မျက်နှာကိုသေသေချာချာတောင် မမြင်ရတော့။ သူ့ကိုအတွေ့မခံသလို သူ့အနားကိုရောက်သွားတာနဲ့ကို သူ့ကိုရှောင်ထွက်သွားတော့သည်။ သူလိုအပ်မယ့်အရာတွေကို ဖြည့်ဆည်းပေးပေမယ့် ဒီလိုဘဝကြီးမှာနေနေရတာကို Taehyung မပျော်ပါ။
သူ့ဘဝက စိတ်ကျဥ်းကျပ်စရာကောင်းလွန်းလှသည်။ လုပ်ခဲ့သမျှ အပြစ်တွေအကုန်လုံးကိုစုပြီး အခုအချိန်မှာရောပြီး ပေးဆပ်နေရသည်။ Jungkook ကသူ့ကိုစိတ်နာသွားတယ်ဆိုတာကို သိပေမယ့်အခုက စိတ်နာတဲ့အခြေအနေတင်မကဘူး။ စိတ်ကုန်ပြီး ဘာမှမပတ်သတ်ချင်တော့တဲ့အထိ ဖြစ်သွားခဲ့ပြီ။
ဒီလိုဖြစ်အောင် အကုန်လုံးသူပဲလုပ်ခဲ့တာမလား။ နေရတာ လူပင်ပန်းရရုံတင်မကဘဲ Jungkook ရဲ့ဥပေက္ခာပြုမှုကိုပါ ခံနေရတော့ စိတ်ပါပင်ပန်းလှသည်။ သူ့အနေနဲ့ Jungkook ရဲ့အချစ်ကို ပေါ့ပေါ့ဘဲတွေးခဲ့မိသည်။
သူဘယ်လောက်ပဲ ပြဿနာရှာရှာ Jungkook ကသူ့ကိုချစ်တဲ့စိတ်ကြောင့် ခဏလောက်ပဲစိတ်ဆိုးပြီး ပြန်ချစ်ပေးမယ်လို့ပဲ တွေးထားခဲ့မိသည်။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် Jungkook ကသူ့စကားကို အမြဲခေါင်းငြိမ့်ပေးမည်ဟုယူဆခဲ့မိသည်။
YOU ARE READING
𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲
Fanfiction𝚃𝚊𝚎𝚔𝚘𝚘𝚔 [ 𝚂𝚑𝚘𝚛𝚝 𝚂𝚝𝚘𝚛𝚒𝚎𝚜 𝙲𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗] 𝙸𝚝 𝚒𝚜 𝚠𝚛𝚒𝚝𝚝𝚎𝚗 𝚏𝚘𝚛 𝚝𝚑𝚎 𝚙𝚛𝚎𝚌𝚒𝚘𝚞𝚜 𝚕𝚘𝚟𝚎 𝚋𝚎𝚝𝚠𝚎𝚎𝚗 𝚝𝚠𝚘 𝚕𝚘𝚟𝚎𝚛𝚜 𝚠𝚑𝚘 𝚊𝚛𝚎 𝚒𝚗 𝚕𝚘𝚟𝚎 𝚠𝚒𝚝𝚑 𝚝𝚛𝚞𝚎 𝚕𝚘𝚟𝚎. 𝙹𝚎𝚘𝚗 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 💜...