Our Dreams - Final

1.4K 178 11
                                    

UNICODE

"ဒီအကြောင်း​တွေကို ဘာလို့များ​စော​စောစီးစီး
မ​ပြောခဲ့တာလဲ သားရယ်။ အ​မေတို့သိရင်
တားခဲ့ထား​ပေါ့။ သားအခုလိုလုပ်​တော့ကျ
ထယ်​ယောင်း​လေးကအ​ကြောင်းစုံသိသွားရင်
သားကိုပိုမုန်း​တော့မှာ​ပေါ့။ နဂိုကတည်းက
သားကို အမြင်မကြည်ပါဘူးဆိုတဲ့က​လေးကို။"

ညည်းညူမှု​တွေအပြည့်ဖြင့်​ပြော​နေ​သော
အ​မေဟာ အတွင်းစိတ်ထဲမှာ​တော့
ပူ​လောင်​နေမယ်ဆိုတာ ​ဂျောင်ဂုသိသည်။

သူ့ကိုစိတ်ချမ်းသာ​စေချင်သည့်အ​မေသည်
အရင်ကတည်းက သူ့အတွက်သင့်​တော်မယ့်
သတို့သမီး​လောင်း​စီစဥ်ထားပါလျက်နဲ့
ထယ်​ယောင်းကိုလက်ထပ်ချင်သည်ဟူ​သော
သူ့ဆန္ဒကို လက်ခံ​ပေးခဲ့သည်။

အများသူငါအတွက် ​ပြောစရာများတဲ့
အိမ်​ထောင်​ရေးမှာ ထယ်​ယောင်းစိတ်အားငယ်မှာကို
မလိုလားသည့်အ​မေသည် ထယ်​ယောင်းအ​ပေါ်
လိုတာထက်ကို ပို​ကောင်း​ပေးခဲ့သည်။
သားလုပ်တဲ့သူကိုယ်တိုင်ထက်ကို
ထယ်​ယောင်းကို သည်းသည်းလှုပ်ခဲ့​​ပေးသည်။

ထယ်​ယောင်းနဲ့သူရဲ့အိမ်​ထောင်​ရေး
အဆုံးသတ်သွားချိန်မှာလဲ
ဘယ်သူ့ဘယ်သူကိုမှ အပြစ်မတင်ပါဘဲ
သူ့ကိုစိတ်သက်သာရာရ​​အောင်သာ
အ​မေ​ရောအ​ဖေ​ရောက နှစ်သိမ့်​ပေးခဲ့သည်။

သူ့မှတ်ဉာဏ်​တွေ​ပျောက်သွားသည်ကို
အ​ကြောင်းပြုပြီးသူနဲ့ထယ်​ယောင်း
အတူပြန်​နေဖြစ်​နေတာကိုလဲ
မိဘနှစ်ပါးလုံးက သိသိသာသာတစ်မျိုး၊
ကြိတ်ပြီး​တော့တစ်မျိုး ဝမ်းသာ​နေခဲ့ကြတာ။

မ​တော်တဆ ဒီကိစ္စမှာထယ်​ယောင်းက
သူ့ကိုသနားစိတ်ဝင်ပြီး ​နောက်တစ်​ခေါက်
ထားမသွားရင်​ကောင်းမှာဘဲလို့
​မျှော်လင့်ထားသည်က ​ဂျောင်ဂုတစ်​ယောက်တည်းမှ
မဟုတ်တာ။ သူ့မိဘ​တွေကလဲ
​မျှော်လင့်ထားကြသည်ဘဲ။

တကယ်တမ်းကျ​ထယ်​ယောင်းမှာ
​ဂျောင်ဂုမိဘ​တွေ မျက်စိ​ကျ​လောက်တဲ့အထိ
ပြည့်စုံ​နေခဲ့တာ​တော့မဟုတ်။

​သားလုပ်သူစိတ်ချမ်းသာဖို့အတွက်က
အ​ရေးကြီးဆုံးဖြစ်တဲ့စိတ်ရှိ​နေသည့်
မိဘနှစ်ပါးဖြစ်​နေသည့်အတွက်သာ
ထယ်​ယောင်းကိုဂရုတစိုက်နဲ့
လက်ခံ​စောင့်​ရှောက်​ပေးခဲ့တာပင်။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now