Unicode
အိမ်ပြင်မှာရပ်နေတဲ့ သူ့ကိုထီးမိုးပေးပြီးတဲ့နောက် အိမ်ထဲကိုခေါ်လာသည့် Jungkook ။ ဘယ်တော့မဆို Jungkook ရဲ့မျက်ဝန်းတွေက နူးညံ့နေပြီး သူ့ကိုမြတ်နိုးတဲ့အရိပ်အယောင်တွေ ပြည့်နှက်နေတာမို့လို့ Taehyung ရင်ထဲ ပိုနာကျင်ရသည်။
ကိုယ့်အပေါ်ကို ကောင်းပေးတဲ့လူတစ်ယောက်ကို သူကမဟုတ်တဲ့လုပ်ရပ်ကို တောက်လျှောက်လုပ်နေမိလို့။ သူ့ကိုရေစိုနေတဲ့ အင်္ကျီကိုမလဲမှာစိုးရိမ်တယ်ဆိုပြီး သူ့အခန်းထဲကိုခေါ်လာသည့် Jungkook ။ Taehyung ကတော့ဘယ်အရာကိုမှ စိတ်ပါဝင်စားမှုသိပ်မရှိ။
ကျောက်ရုပ်တစ်ရုပ်လို သူ့ခံစားချက်တွေက အသက်မဲ့နေခဲ့သည်။ ကိုယ့်အပေါ်တောက်လျှောက် မကောင်းခဲ့တဲ့လူအပေါ်ကိုကျ အမြဲတမ်းပေးဆပ်နေခဲ့ပြီး ကိုယ့်ကိုတကယ်ချစ်ပေး၊ တန်ဖိုးထားပေးပြီး ကောင်းပေးခဲ့တဲ့လူဆီကတော့ ရယူတာတွေသာရှိနေခဲ့သည်။
သူ့စိတ်ဓါတ်ကိုသူ ပြန်လည်ရှုံ့ချမိတော့ အလိုအလျောက်ကျဆင်းလာတဲ့ မျက်ရည်တွေ။ သူကအပြစ်တွေအများကြီး ရှိနေတဲ့ကောင်။ Jungkook လိုလူမျိုးရဲ့ ဖြူစင်တဲ့အချစ်နဲ့ နည်းနည်းလေးမှ မထိုက်တန်ဘူး။
"ဘာလို့ငိုနေရပြန်တာလဲကွာ။ ကိုယ်စိတ်မကောင်းရအောင်။ "
သူ့မျက်ရည်တွေကို အသာအယာသုတ်ပေးရင်း ချွေးသိပ်လာပြန်သည့် Jungkook။ ခင်ဗျားရဲ့ဂရုစိုက်မှုတွေကို ကျွန်တော်မခံယူရဲဘူး။ အင်္ကျီလဲပြီးပြန်ထွက်လာတော့ ကော်ဖီနွေးနွေးလေးတစ်ခွက်နဲ့ သူ့ကိုစီးကြိုနေပြန်သည့် Jungkook ။
"နွေးသွားအောင်သောက်လိုက်ဦး။ ပြီးရင်ထမင်းစားလိုက်ဦး။ ကိုယ်ကတော့စားပြီးပြီ။"
"ကျွန်တော်မစားချင်ဘူး။ မစားလို့မရဘူးလား။ ဒီအတိုင်းလေးနားချင်လို့ပါနော်။"
လုံးဝကိုစားချင်စိတ်မရှိတာကြောင့် Taehyung အနုနည်းနဲ့ အကြောက်အကန်ငြင်းမိသည်။ Jungkook ကသူ့ပါးလေးတွေကို လက်နဲ့ပွတ်လိုက်ပြီး
VOUS LISEZ
𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲
Fanfiction𝚃𝚊𝚎𝚔𝚘𝚘𝚔 [ 𝚂𝚑𝚘𝚛𝚝 𝚂𝚝𝚘𝚛𝚒𝚎𝚜 𝙲𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗] 𝙸𝚝 𝚒𝚜 𝚠𝚛𝚒𝚝𝚝𝚎𝚗 𝚏𝚘𝚛 𝚝𝚑𝚎 𝚙𝚛𝚎𝚌𝚒𝚘𝚞𝚜 𝚕𝚘𝚟𝚎 𝚋𝚎𝚝𝚠𝚎𝚎𝚗 𝚝𝚠𝚘 𝚕𝚘𝚟𝚎𝚛𝚜 𝚠𝚑𝚘 𝚊𝚛𝚎 𝚒𝚗 𝚕𝚘𝚟𝚎 𝚠𝚒𝚝𝚑 𝚝𝚛𝚞𝚎 𝚕𝚘𝚟𝚎. 𝙹𝚎𝚘𝚗 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 💜...