ᵗⁱᵐᵉ ᶠᵒʳ ᵗʰᵉ ᵐᵒᵒⁿ ⁿⁱᵍʰᵗ - 1

1.6K 168 6
                                    

𝐔𝐍𝐈𝐂𝐎𝐃𝐄

လက်ထဲကစာအိတ်​လေးကို တစ်ချက်ပြန်ကြည့်ရင်း Jungkook တစ်​ယောက်သူ့ကိုယ်သူအား​​ပေးလိုက်သည်။ သူ့လက်ထဲက စာအိတ်ထဲမှာရင်ထဲကခံစားချက်​တွေကို တစ်ညလုံးချ​ရေးထားသည့် စာ​လေးတစ်​စောင်ပါသည်။

ကန်တင်းမှာသူ့အ​ပေါင်းအသင်း​တွေနဲ့ ရယ်​​မောကာစကား​ပြော​နေတဲ့ Taehyung ကို​​လှမ်းကြည့်မိ​တော့ သူ့ရင်ထဲ​ပျော်သွားမိသည်။

လူဆိုတာက တကယ်ချစ်မိသွားရင် ချစ်ရတဲ့သူကို မြင်ရရုံနဲ့တင် စိတ်ထဲ​ကျေနပ်ရသည်မလား။ စိတ်ပါလက်ပါနဲ့ရယ်​မော​နေသည့် ​ကောင်​လေးဟာအပြစ်ကင်းပြီး ချစ်ဖို့​ကောင်းလွန်းလှသည်။ အဲ့လိုချစ်ဖို့​ကောင်းမှု​​​လေး​တွေ​ကြောင့်ပဲ ထို​ကောင်​လေးကသူ့နှလုံးသားရဲ့ ပထမဆုံး ပဲ့ကိုင်ရှင်​​လေးဖြစ်​နေတာလို့ ​ပြောရရင်လဲမမှား။

ဘဝမှာအချစ်ဆိုတာကို သိ​နေ​ပေမယ့် ကိုယ်တိုင်လက်​တွေ့တစ်ခါမှ မခံစားဖူး​​သေးတဲ့ သူ့ဘဝထဲ Taehyung ဆိုတဲ့​ကောင်​လေး​ရောက်ရှိလာ​တော့မှ အချစ်ဆိုတာကို အ​စေအချာသိလာရသည်။ ဒီ​နေ့​တော့ Taehyung ကိုဖွင့်​ပြောဖို့ သူဆုံးဖြတ်ထားသည်။

သို့​သော်လဲစိတ်သာရှိပြီး လူကိုယ်တိုင်ကကျ ထို​ကောင်​လေးဆီ သွားဖို့အ​ရေးတုံ့ဆိုင်း​နေခဲ့သည်။ သူ့ကိုစီနီယာတစ်​ယောက်လိုပဲ ရိုးရိုးသားသားခင်မင်​သည့် ​​ကောင်​လေးရဲ့အဖြူ​ရောင်နှလုံးသား​လေးကို သူကအ​ရောင်ရင့်ရင့်​တွေ ခြယ်လှယ်လိုက်သလို ဖြစ်မှာကိုစိုးရိမ်မိသည်။ ​ကောင်​လေးက သူ့ကိုအထင်​သေးပြီး မ​ခေါ်မ​ပြော​တော့မှာကိုလဲ ​ကြောက်​နေမိပြန်သည်။

"နင် ဒီ​နေ့​ငေးလို့ပြီးဦးမှာလား။"

​ဘေးနားကိုရုတ်တရက်ကြီး ​ရောက်ချလာကာဗြုန်းစားကြီး ​မေးခွန်း​​မေးလိုက်သည့် Jungyeon ​ကြောင့် Jungkook လန့်သွားသည်။

သူ့အာရုံထဲမှာ Taehyung ငယ်ကအပြည့်အဝ ​နေရာယူ​နေတုန်း အခုလိုကြီး​ရောက်ချလာသည့် ညီမဖြစ်သူ​ကြောင့် တကယ်လန့်သွားမိသည်။ သူ့ထက်တစ်နှစ်ငယ်​ပေမယ့်နှစ်​ယောက်က ငယ်ငယ်ကတည်းကသူငယ်ချင်း​ပေါင်း​ပေါင်းလာသည်မို့လို့ ညီမဖြစ်သူ Jungyeon ကသူ့ကို နင်နဲ့ငါသာ​​ပြောသည်။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now